နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့တော်သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် ရန်ကုန်မြို့တော်ဝန် မှာကြား

ရန်ကုန်   ဩဂုတ်   ၁


ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ ကော် မတီဝင်နှင့် ဌာနမှူးများလုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် ၁၅/၂၀၂၂ ကို၊ ယနေ့ နံနက် ၉ နာရီခွဲက၊ မြို့တော်ခန်းမ ပထမထပ် အစည်းအဝေးခန်းမ ၄ ၌ ကျင်းပရာ၊  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများ နှင့် ရန်ကုန်တိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့ ဒုတိယညွှန်ကြား ရေးမှူးချုပ်တို့ တက်ရောက် ကြသည်။


ရှေးဦးစွာ မြို့တော်ဝန်က အဖွင့်အမှာစကား ပြောကြား ရာတွင် “နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီ တာဝန်ယူသည့်  ၁၈ လတာကာလအတွင်း စည်ပင် သာယာရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက် လာသည့်အတွက် သိသာသည့်ပြုပြင်ပြောင်းလဲတိုးတက်မှုများ ရှိလာကြောင်း၊ ဆက်လက်၍ မြို့တော်သန့်ရှင်းသာယာသပ်ရပ် ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တက်ညီ လက်ညီ ပူးပေါင်းဆောင်ရွက် ကြရန် မှာကြားလိုကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် လည်း လုံခြုံရေးသတိရှိကြရန် နှင့် အောက်ခြေအဆင့်ဆင့်ကို ကြပ်မတ်ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း၊ ဒီရေတက်သည့် ဝါခေါင်လပြည့် နီးကပ်လာပြီ ဖြစ်၍ သဘာဝဘေးအန္တရာယ် ဖြစ်သည့် ရေကြီးရေလျှံမှုများ ကာကွယ်နိုင်ရေးအတွက် ရေစီး ရေလာကောင်းမွန်ရေးကိုလည်း စဉ်ဆက် မပြတ် လုပ်ဆောင်သွားကြ ရန် မှာကြားလိုကြောင်း” ပြောကြား သည်။


ဆက်လက်၍ ကော်မတီဝင် များ၊ ဌာနမှူးများနှင့် ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့ ဒုတိယညွှန်ကြားရေး မှူးချုပ်တို့က သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်း တင်ပြကြရာ မြို့တော်ဝန်က လိုအပ်သည်များ မှာကြားဖြည့် ဆည်းဆောင်ရွက်ပေးသည်။

သတင်း - မိုးဝေ

ဓာတ်ပုံ - သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ