နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Yahoo, PayPal နှင့် ဂိမ်းဝက်ဆိုဒ်များ အင်ဒိုနီးရှား ပိတ်ဆို့

ဂျကာတာ၊သြဂုတ် ၁ 


လိုင်စင်စည်းမျဉ်းများကို လိုက်နာ ရန် ပျက်ကွက်မှုကြောင့် Yahoo ဝက် ဆိုဒ်၊ ငွေပေးချေမှုကုမ္ပဏီ PayPal နှင့် ဂိမ်းဝက်ဆိုဒ် အများအပြားကို အင်ဒိုနီး ရှားတွင် ပိတ်ဆို့လိုက်ကြောင်း တာဝန် ရှိသူတစ်ဦးက ဇူလိုင် ၃၁ရက်တွင် ပြော ကြားသည်။ 


လိုင်စင် မှတ်ပုံတင်ခြင်းဆိုင်ရာ  စည်း မျဉ်းစည်းကမ်းများကြောင့်  အင်ဒိုနီး ရှား ဆက်သွယ်ရေးဝန်ကြီးဌာနသည် Yahoo နှင့် PayPal အပါအဝင် Steam, Dota 2, Counter-Strike နှင့် Epic Games ကဲ့သို့သော ဂိမ်းဝက်ဆိုဒ် များကိုလည်း သုံးစွဲခွင့် ပိတ်ဆို့ထား ကြောင်းအကြီးတန်းအရာရှိ Semuel Arijani Pan-gerapan က ပြောသည်။ 


အဆိုပါ ကိစ္စနှင့်ပတ်သက်၍ PayPal  နှင့် Yahoo ၏ ပုဂ္ဂလိကအစု ရှယ်ယာကုမ္ပဏီ Apollo Global Ma-nagement နှင့် Steam ၊ Dota နှင့် Counter-Strike တို့ကိုလုပ်ဆောင် သည့် US game developer Valve Corporation တို့ကမူ ပြန်လည်တုံ့ပြန် ထားခြင်း မရှိကြောင်း သိရသည်။


အင်ဒိုနီးရှားတွင် အင်တာနက်အသုံး ပြုသူ ၁၉၁ သန်းနှင့် ဆိုရှယ်မီဒီယာ ကို ကျွမ်းကျင်သူ လူငယ်များစွာရှိပြီး နည်း ပညာပလက်ဖောင်းများစွာ အတွက် အဓိက စျေးကွက်ရှာဖွေနိုင်သည့် နိုင်ငံ တစ်ခုလည်း ဖြစ်သည်။   (ref - Reuters)






အခြားဆက်စပ်သတင်းများ