နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နယူးယောက်တွင် မျောက်ကျောက်ဗိုင်းရပ်စ် ပျံ့နှံမှုကြောင့် အရေးပေါ်အခြေအနေကြေညာ

နယူးယောက်၊သြဂုတ် ၁ 


နယူးယောက်တွင်မျောက် ကျောက် ဗိုင်းရပ်စ် ပျံ့နှံမှုကြောင့်ပြည်သူ့ ကျန်းမာ ရေး အရေးပေါ် အခြေ အနေကို ဇူလိုင် ၃၁ ရက်တွင် မြို့တော်တာ၀န်ရှိသူများက ကြေညာလိုက်သည်။ 


နယူးယောက်မြို့တော်၀န်အီး ရစ် အဒမ်စ် နှင့် ကျန်းမာရေး ကော်မရှင် နာမင်းကြီး အက်ရှ်၀င်ဗာဆန်တိုက မြို့တော်တွင်း နေထိုင်သူတစ်သိန်း ခွဲသည် မျောက်ကျောက်ရောဂါကူးစက် မှု အန္တရာယ်ဖြစ် နိုင်ကြောင်းယင်းကြေညာ ချက်တွင် ထည့်သွင်း ပြောကြားသည်။ 


ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းများ အရ အရေးပေါ်အမိန့်ထုတ်ပြန်ခြင်း ဖြစ် ပြီး ရောဂါကူးစက်ပြန့်ပွားမှု နှေးကွေး စေမည့်  အစီအမံများကိုလည်းအကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရ သည်။


နယူးယောက်မြို့ ရောဂါထိန်းချုပ် ကာကွယ်ရေးစင်တာက ပြုစုထားသော အချက်အလက်များအရ နယူးယောက် တွင် ဇူလိုင် ၃၀ ရက်အထိမျောက်ကျောက် ရောဂါဖြစ်ပွားမှု ၁၃၄၅ ခု မှတ်တမ်းတင် ထားပြီး ဖြစ်ကြောင်း သိရသည်။ 

(Ref: CNA)






အခြားဆက်စပ်သတင်းများ