နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်ဝမ်ကို တရုတ်ကျူးကျော်ပါက အရေးယူပိတ်ဆို့မည်ဟု ဆွစ်ဇာလန် ကြေညာ

ဇူးရစ်ခ်ျ၊ သြဂုတ် ၁ 


ထိုင်ဝမ်ကို တရုတ်ကျူးကျော်လျှင် ဥရောပသမဂ္ဂက တရုတ်နိုင်ငံအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်အရေးယူမှု မှန်သမျှကို ထောက်ခံမည်ဟု ဆွစ်ဇာ လန်အေဂျင်စီ အကြီးအကဲက ဇူလိုင် ၃၁ ရက်တွင် ပြောကြားသည်။ 


တရုတ်ပြည်မ၏ အချုပ်အခြာ အာဏာကို လက်ခံရန်ဒီမိုကရေစီနည်း လမ်းတကျ ရွေးကောက်တင် မြှောက်ခံ အစိုးရကို ဖိအားပေးသည့်အနေဖြင့် ထိုင်ဝမ် အနီးတစ်ဝိုက်တွင်တရုတ်စစ် တပ်က စစ်ရေးကို အရှိန်မြှင့် လုပ်ဆောင် လျက်ရှိသည်။


ထိုင်ဝမ်အစိုးရကမူ ကျွန်းရှိလူ ၂၃ သန်း ကသာ ၎င်းတို့၏အနာဂတ်ကို ဆုံးဖြတ် နိုင်ပြီး ငြိမ်းချမ်းရေးကို လိုလား သော်လည်း တိုက်ခိုက်ခံရပါက မိမိနိုင်ငံ ကို ကာကွယ်သွားမည်ဟု ထုတ်ပြန် ပြောကြားထားသည်။ 


လက်ရှိတွင် ဆွစ်ဇာလန်သည် ယူက ရိန်း ရုရှား စစ်ပွဲကြောင့် ဒဏ်ခတ်ပိတ် ဆို့ ထားသော ရုရှားနိုင်ငံသားရာပေါင်းများ စွာ၏ ပိုင်ဆိုင်မှုများ ထုတ်ယူခြင်းကို အမြန်ဆုံးပိတ်ဆို့ရန် လုပ်ဆောင်လျက် ရှိပြီး အမေရိကန်ဒေါ်လာ ၇ ဒသမ၄ ဘီလီယံ တန်ဖိုးရှိ ရုရှားဘဏ္ဍာရေးပိုင် ဆိုင်မှုများနှင့် ပိုင်ဆိုင်မှု ၁၅ ခုကို ထုတ် ယူခွင့်ပိတ်ပင်ထားကြောင်း သိရသည်။ 

 (ref: Yahoo)






အခြားဆက်စပ်သတင်းများ