နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကန်သမ္မတ ဂျိုးဘိုင်ဒင် ကိုဗစ်ထပ်မံဖြစ်၍ ခရီးစဉ်များ ဖျက်သိမ်း

ဝါရှင်တန်၊ သြဂုတ် ၁ 


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တွင် ကိုဗစ် ၁၉ ပျောက်ကင်းကြောင်း ကြေညာ ပြီး  နောက် ထပ်မံစစ်ဆေးရာကိုဗစ်ပေါ့ စတစ် ဖြစ်ပွားနေကြောင်း ထပ်မံစစ် ဆေးတွေ့ရှိသဖြင့် စီစဉ်ထားသော ခရီး စဉ်နှစ်ခုကို ဖျက်သိမ်းလိုက်သည်။ 


သမ္မတဘိုင်ဒင်သည် လွန်ခဲ့သည့် ၉ ရက်က ကိုဗစ် ၁၉ ပေါ့စတစ်ဖြစ်ပွား ပြီးနောက် ကုသမှုခံယူခဲ့ကာယခုရက် သတ္တပတ် အစောပိုင်းတွင် ဆေးနှစ်ကြိမ် စစ်ရာတွင် နှစ်ကြိမ်လုံး နက်ဂတစ် ဖြစ် ခဲ့ပြီးနောက် ဇူလိုင် ၃၁ ရက်က ထပ်မံ စစ်ဆေးရာ ကိုဗစ်ပေါ့စတစ်ထပ်မံဖြစ် ပွား နေသည်ကို တွေ့ရှိရခြင်း ဖြစ်သည်။ 


သမ္မတဂျိုးဘိုင်ဒင်သည် Delaware နှင့် Michigan သွားရန်ခရီးစဉ် စီစဉ် ထားခြင်းဖြစ်ပြီး လက်ရှိ တွင် ယင်းခရီး စဉ်များကိုဖျက်သိမ်းကာ အိမ်ဖြူတော် တွင် နက်ဂတစ်ဖြစ်သည့်အထိသီးသန့် ခွဲခြားနေထိုင်မည် ဖြစ်ကြောင်းသိရသည်။               

        

        (ref: BBC)






အခြားဆက်စပ်သတင်းများ