နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာရှတွင် မျောက်ကျောက်ရောဂါကြောင့် ပထမဆုံး သေဆုံးသူရှိလာ

နယူးဒေလီ၊ သြဂုတ် ၂


အိန္ဒိယနိုင်ငံ တောင်ပိုင်း ကေလာရာ ပြည်နယ်တွင် လူငယ်တစ်ဦးမျောက် ကျောက်ရောဂါကြောင့် သေဆုံးခဲ့ပြီး ယင်းသည် အာရှတွင် မျောက်ကျောက် ရောဂါကြောင့် ပထမဆုံး သေဆုံး သည့် လူနာဖြစ်ကြောင်း အိန္ဒိယ ကျန်းမာရေး ဌာနက သြဂုတ် ၁ ရက်တွင် အတည်ပြု ပြောကြားလိုက်သည်။


ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မျောက်ကျောက်ရောဂါကြောင့်စပိန် တွင် ၂ ဦး၊ ဘရာဇီးတွင် ၁ ဦး သေဆုံး ခဲ့ခြင်းသည်လက်ရှိ ဖြစ်ပွားနေသော မျောက်ကျောက်ရောဂါ ကြောင့်ကမ္ဘာတ ဝန်း ပထမဆုံးသေဆုံးမှုများ ဖြစ်ပြီး အာရှတွင်မူ အိန္ဒိယ ဖြစ်စဉ်သည် ပထမ ဆုံး ဖြစ်သည်။


သေဆုံးသူသည် အသက် ၂၂ နှစ် အရွယ်ရှိ အိန္ဒိယနိုင်ငံသားအမျိုးသား တစ်ဦးဖြစ်ပြီး ယင်းနှင့် အနီးကပ် ထိတွေ့ခဲ့သူ ၂၁ ဦးကို ကွာရန်တင်း၀င် ခိုင်းထားကြောင်း သိရသည်။


လာမည့်ကာလများတွင် မျောက် ကျောက်ရောဂါကြောင့် သေဆုံးမှုများ ရှိလာတော့မည်ဖြစ်ကြောင်း WHO က အသိပေးထားကာ ဇူလိုင် ၂၃ ရက်က တည်းက ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အဖြစ် ကြေညာထားသည်။


 (ref: BBC)






အခြားဆက်စပ်သတင်းများ