နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကန်တပ်ကီပြည်နယ် ရေကြီးမှု သေဆုံးသူ၂၆ ဦးအထိရှိလာ

ဝါရှင်တန်၊ သြဂုတ် ၂


အမေရိကန်၊ ကန်တပ်ကီပြည်နယ် ရေကြီးမှုဖြစ်စဉ်အတွင်း သေဆုံးသူအရေ အတွက်သည် ၂၆ ဦးအထိ မြင့်တက် လာပြီး ပျောက်ဆုံးသူများလည်း မြင့်တက်နေဆဲဖြစ်ကြောင်း ပြည်နယ် အာဏာပိုင်များက သြဂုတ် ၁ ရက်တွင် ပြောသည်။ 


သေဆုံးစာရင်းသည်ဆက်လက် မြင့်တက်ဖွယ်ရှိနေပြီး ပျောက်ဆုံးနေသူ များကို ပြန်ရှာတွေ့ရန် သီတင်းပတ် များစွာ ကြာမြင့်နိုင်ကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး အန်တီဘီရှီယာကပြော သည်။


လက်ရှိစာရင်းအရ လူပေါင်း ၃၇ဦး ခန့်သည် ရေကြီးမှုဖြစ်စဉ်အတွင်း ပျောက်ဆုံး နေသည့်အပြင် အပါလာ ချီယာဒေသ၏ နေရာအများစုတွင်လည်း ရေလွှမ်းမှုများ ကြုံရဖွယ်ရှိကြောင်း သိရ သည်။


ပြီးခဲ့သည့် ရက်သတ္တပတ်ကရေလွှမ်း ခဲ့သည့် နေရာအချို့တွင် မိုးရေချိန်သည် တစ်နာရီလျှင် ၁ လက်မ မှ ၂ လက်မအထိ ရွာသွန်းခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် မိုးလေဝသဌာနက ခန့်မှန်းထားသည်။ 


ကန်တပ်ကီတွင် ရေဘေးသင့် သူများ အတွက် ယာယီခိုလှုံရေးစခန်းများ ဖွင့် လှစ် ထားပြီး လက်ရှိတွင် ခိုလှုံနေထိုင်သူ ၄၀၀ နီးပါး ရှိကြောင်း သိရသည်။

 (ref: Reuters)






အခြားဆက်စပ်သတင်းများ