နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖိလစ်ပိုင် သမ္မတဟောင်း ရာမို့စ် ကွယ်လွန်

မနီလာ၊ သြဂုတ် ၂


ဖိလစ်ပိုင်နိုင်ငံ၏ ၁၂ ယောက် မြောက် သမ္မတအဖြစ် တာဝန်ထမ်း ဆောင် ခဲ့သည့် ဖီဒယ်ရာမို့စ် ကွယ်လွန် သွားပြီဖြစ်ကြောင်း သြဂုတ် ၁ ရက် တရားဝင်သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။


သမ္မတဟောင်း ရာမို့စ်သည် ကြယ် ငါးပွင့် ဗိုလ်ချုပ်ကြီး  ဒီဂျူရီ အဆင့်ကို ရောက်ရှိခဲ့သည့်  တစ်ဦးတည်းသော တပ်မတော်အရာရှိ တစ်ဦးဖြစ်ပြီး အာ ဏာ ရှင်ဟောင်း ဖာဒီနန်မားကို့စ်ကိုဖြုတ် ချပြီးနောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတအဖြစ် ၁၉၉၂ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ တာဝန်ထမ်းဆောင် ခဲ့သူ တစ်ဦး ဖြစ်သည်။ 


ယင်းသည် ကွယ်လွန်ချိန်တွင် အသက် ၉၄ နှစ်ရှိပြီဖြစ်ကာမည်သည့် ရောဂါနှင့် ကွယ်လွန်သည်ဆိုသည် ကိုမူ တရားဝင် ထုတ်ဖော် ပြောဆိုခဲ့ ခြင်းမရှိသော်လည်းကိုဗစ်နောက် ဆက် တွဲ ပြဿနာများ ခံစားနေရ သည့်အပြင် နှလုံးရောဂါနှင့် အတိတ်မေ့ရောဂါများ ခံစားနေရခြင်းကြောင့် ဆေးရုံသို့ မကြာ ခဏတက်နေရကြောင်း သတင်းများ တွင် ဖော်ပြသည်။


လက်ရှိ ဖိလစ်ပိုင်အစိုးရ၏သတင်း ပြန်ကြားရေးတာဝန်ခံက သမ္မတ ဟောင်း ရာမို့စ် ကွယ်လွန်သည့် အတွက် ဝမ်း နည်းကြောင်း သဝဏ်လွာကို ရာမို့စ် ၏ မိသားစုထံ ပေးပို့ထားကြောင်း သိရ သည်။                           

        (ref:AP)






အခြားဆက်စပ်သတင်းများ