နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆန်ဈေးကျဆင်းရန် ကုန်သည်များနှင့် ညှိနှိုင်းနေ

ရန်ကုန်၊ ဩဂုတ်  ၂


ပြည်တွင်းဆန်ဈေးမြင့်တက် နေသည့်အတွက် ဈေးနှုန်း ကျဆင်းစေရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်ကုန်သည်များနှင့် ညှိနှိုင်း ဆောင်ရွက်နေကြောင်း သိရ သည်။


လတ်တလော ပြည်တွင်း ဆန်ဈေးကွက်တွင် အခြေခံ လူတန်းစားပြည်သူများ စားသုံး သည့် ဆန်အမျိုးအစားများ သည် အနည်းငယ်ဈေးမြင့်တက် နေပြီး စစ်ကိုင်းတိုင်း၊ ရွှေဘိုဒေသ ထွက် ရွှေဘိုပေါ်ဆန်းဈေးမြင့် တက်သွား​ခြင်းသည် စိုက်ပျိုး ဧကလျော့နည်း​ခြင်း၊ ဒေါ်လာ ဈေးနှင့်စက်သုံးဆီဈေးမတည် ငြိမ်ခြင်းများအပါအဝင် သယ်ယူ ပို့ဆောင်ရေးစရိတ်မြင့်တက်​ခြင်း များကြောင့်ဖြစ်သည်ဟု သိရ သည်။


ထို့ကြောင့် ပြည်တွင်း ဆန်ဈေးတည်ငြိမ်ရန်အတွက် ဆန်ကုန်သည်များနှင့် ညှိနှိုင်း နေပြီး ဖြစ်သင့်သည့်ဈေးနှုန်းနှင့် ရောင်းချရန် မေတ္တာရပ်ခံထား ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တာဝန်ရှိသူတစ်ဦး က ပြောသည်။ 


လက်ရှိ ဆန်ဈေးကွက်တွင် ဧည့်မထ ဆန်တစ်အိတ်လျှင် ကျပ် ၃၀၅၀၀ မှ ကျပ် ၃၁၀၀၀၊ ပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၀၀၀၀ မှ ကျပ် ၅၂၀၀၀ ၊ ဖျာပုံ ပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၃၀၀၀ မှ ကျပ် ၅၅၀၀၀၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၇၃၀၀၀ မှ ကျပ် ၈၀၀၀၀ အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။ 


မြန်မာနိုင်ငံတွင် နွေစပါးနှင့် မိုးစပါးများမှ စပါးတန်ချိန် ၂၇ သန်းကျော်ထွက်ရှိပြီး၊ ပြည်ပသို့ နှစ်စဉ် ဆန်နှင့် ဆန်ကွဲတန်ချိန်၂ သန်းကျော်မှ ၃ သန်းကျော်အထိ တင်ပို့လျက်ရှိသည်။      ဥမ္မာစိုး






အခြားဆက်စပ်သတင်းများ