နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆရာဝန် မရှိသဖြင့် သီရိလင်္ကာရှိ ဆေးရုံများ ခြောက်ကပ်နေ

ကိုလံဘို၊  ဇူလိုင်  ၂၈ 


သီရိလင်္ကာ၏ ဆေးဝါးပြတ်လပ်မှု အကျပ်အတည်းကြောင့် ဆေးရုံတက်နေ သည့်လူနာများအတွက် ဆေးမရှိတော့ သဖြင့် ဆရာဝန်များသည်လည်း လုပ်ငန်း ခွင်သို့ လာရောက်ခြင်းမရှိတော့ကြောင်း သိရသည်။ 


နိုင်ငံတော်ဆေးရုံတွင် ပုံမှန်အားဖြင့် နိုင်ငံတစ်ဝန်းရှိ အထူးကုဆရာဝန်များက ကုသပေးရသော်လည်း     ယခုအခါ ဝန်ထမ်းအင်အားလျှော့ချကာ ဆေးဝါး ပြတ်လပ်နေခြင်းများကြောင့် တိတ်ဆိတ် ခြောက်ကပ်လျက်ရှိနေကြောင်း သိရ သည်။ 


ထို့ပြင် ခွဲစိတ်ကိရိယာနှင့် အသက် ကယ်ဆေးဝါးများလည်း ကုန်လုနီးပါး ဖြစ်ကာ လောင်စာဆီပြတ်တောက်မှု ကြောင့် ဆရာဝန်သာမက လူနာများပါ ဆေးဝါးကုသမှုအတွက် အချိန်မီလာ ရောက်နိုင်ခြင်းမရှိကြ၍ အသက်ဆုံးရှုံးမှုများဖြစ်ပေါ်လျက် ရှိသည်။ 


သမ္မတအသစ်          Ranil  Wickremesinghe ကမူ နိုင်ငံ၏ စီးပွား ရေး အကျပ်အတည်းသည် လာမည့်နှစ်ကုန် အထိ ဆက်လက်ဖြစ်နိုင်ဖွယ်ရှိကြောင်း နှင့် သီရိလင်္ကာသည် လာမည့်နှစ်တွင် ပိုမိုဆိုးရွားသော ပြည်သူ့ကျန်းမာရေး အကျပ်အတည်းဖြစ်မည့် အလားအလာရှိ ကြောင်း ပြောကြားထားသည်။ 

(Ref:AFP)






အခြားဆက်စပ်သတင်းများ