နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖိလစ်ပိုင်တွင် အင်အားပြင်းငလျင်လှုပ်၍ လူငါးဦး သေဆုံး

မနီလာ၊  ဇူလိုင်  ၂၈ 


ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းတွင် ဇူလိုင် ၂၇ ရက်က ၇ ဒသမ ၃ ရစ်ချ်တာစကေးရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ရာ မြေပြိုကျ၍၊ အဆောက်အအုံများပျက် စီးပြီး အနည်းဆုံး လူငါးဦး သေဆုံးသွား ကြောင်း သိရသည်။ 


ငလျင်ကြောင့် နိုင်ငံ၏မြောက်ပိုင်း Abra ပြည်နယ်ရှိ ဆေးရုံ နှင့် အဆောက် အအုံများ ဆိုးရွားစွာပျက်စီးကာ လူသေ ဆုံးမှုများဖြစ်ပွားပြီး မြို့တော် မနီလာ တွင်လည်း   ပြင်းထန်စွာ လှုပ်ခတ်သွား ခြင်းကြောင့် လူပေါင်း ဒါဇင်ချီကာဒဏ်ရာ ရရှိထားကြောင်း သိရသည်။ 


ငလျင်လှုပ်ခတ်ပြီးနောက် Abra ပြည်နယ်ရှိ ဆေးရုံတစ်ရုံ၌ အဆောက် အအုံတစ်ပိုင်း ပြိုကျလာရာ၊ လူနာများနှင့် လူများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ခဲ့ရပြီး၊ နေအိမ်အချို့တွင် ဘိလပ်မြေပြား များပြုတ်ကျမှုကြောင့် သေဆုံးမှုများရှိ ခြင်း ဖြစ်ကြောင်း သိရသည်။ 


ဖိလစ်ပိုင်နိုင်ငံသည် ငလျင်လှုပ်ခတ် သော မီးတောင်များနှင့် ပြတ်ရွေ့ကြော များဖြစ်ပေါ်သည့်၊ ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ ငလျင်ကြောများပေါ်တွင်တည် ရှိသောကြောင့် သဘာဝဘေးအန္တရာယ် များ မကြာခဏကျရောက်လေ့ရှိသည်။ 

(Ref:Reuters)






အခြားဆက်စပ်သတင်းများ