နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယတွင် ဓာတုဆေးဝါးအရက်ကြောင့် လူ ၂၈ ဦးသေဆုံး

နယူးဒေလီ၊  ဇူလိုင်  ၂၈ 


အိန္ဒိယနိုင်ငံ  အနောက်ပိုင်းတွင် ဓာတုဆေးဝါးများပါဝင်သည့် အရက် သောက်သုံးမှုကြောင့် တစ်ရက်အတွင်း လူ ၂၈ ဦးထက်မနည်းသေဆုံးပြီး ၆၀ ဦး နာမကျန်းဖြစ်လျက်ရှိကြောင်း တာဝန် ရှိသူများက ဇူလိုင် ၂၇ ရက်တွင် အတည် ပြုပြောဆိုသည်။ 


အိန္ဒိယ၊ ဂူဂျာရတ်ပြည်နယ်ရှိ အမယ် ဒါဘတ်မြို့နှင့် ဘိုတက်မြို့များတွင် သေ ဆုံးမှုများဖြစ်ပွားခြင်းဖြစ်ပြီး အဆိုပါ မြို့များသည်    အရက်ထုတ်လုပ်​ခြင်း၊ ရောင်းချ​ခြင်းနှင့်  သောက်သုံးခြင်းများကို တားမြစ်ထားသည့်  မြို့များဖြစ်ကြောင်း သိရသည်။ 


ဂူဂျာရတ်ပြည်နယ် ရဲမှူးချုပ်က မူ အရက်ရောင်းချရာတွင် ပါဝင်ပတ်သက် သည် ဟု သံသယရှိသူ လူအများအပြားကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြော သည်။ 


တရားမဝင်   ဖော်စပ်ထားသည့် အရက်များကြောင့် သေဆုံးရသည့်ဖြစ် စဉ်များသည် အိန္ဒိယနိုင်ငံအတွင်းအဖြစ် များပြီး  တရားမဝင်အရက်များတွင် ဈေးပေါပြီး အာနိသင်တိုးစေရန်အတွက် ပိုးသတ်ဆေးကဲ့သို့ ဓာတုပစ္စည်းများ အ များအပြားပါဝင်လေ့ရှိကြောင်း အာဏာ ပိုင်များက ဆိုသည်။ 


ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကလည်း အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ် တွင် ဓာတုပစ္စည်းများနှင့် ပြုလုပ်ထား သည့် အရက်များကို သောက်သုံးမိခြင်း ကြောင့် အနည်းဆုံး လူ ၁၂၀ ထက်မနည်း သေဆုံးခဲ့သည်။                      (Ref:AP)






အခြားဆက်စပ်သတင်းများ