နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မျက်စိကျန်းမာ တို့ကမ္ဘာ

လူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတို့တွင် မျက်စိသည် တန်ဖိုး အကြီးမားဆုံးပင်ဖြစ်သည်။ နေ့စဉ်ဆောင်ရွက်လုပ်ကိုင်နေသော လုပ်ငန်းဆောင်တာအားလုံးတို့သည် မျက်စိဖြင့် အလုပ် လုပ်နေ ကြရ၏။ မျက်စိအမြင်အာရုံချို့ယွင်းလျှင်၊ မျက်စိကွယ်လျှင်၊ လုပ်ငန်းဆောင်တာ အရာရာတို့လည်း လျှင်မြန်ပြီးမြောက် ဆောင်ရွက်နိုင်ခြင်း မရှိတော့သဖြင့် မျက်စိသည် လူခန္ဓာကိုယ် အစိတ်အပိုင်းတွင် တန်ဖိုးအကြီးမားဆုံးပင်ဖြစ်သည်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လူတိုင်း မျက်စိအာရုံ ကောင်းမွန်ရေး  မျက်စိစမ်းသပ်မှုသည်  အရေးကြီးသော လုပ်ဆောင်ချက်ဖြစ်ကြောင်း အသိပေးထားသည်။  မျက်စိ အမြင်အာရုံစောင့်ထိန်းခြင်း၏ ပဓာနအကျဆုံးပင်ဖြစ်သည်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ခန့်မှန်းတွက်ချက်မှုအရ ကမ္ဘာပေါ်တွင် မျက်စိကွယ်သူပေါင်း ခုနစ်သိန်းခန့်ရှိပြီး မျက်မမြင် လူဦးရေ ၄၅ သန်းကျော်ရှိကာ မျက်စိမှုန်သူပေါင်း ဦးရေ ၂၄၆ သန်း ကျော်ရှိသည်။ ယနေ့ကမ္ဘာပေါ်တွင် ငါးစက္ကန့်လျှင် လူတစ်ဦး၊ တစ်မိနစ်တိုင်း ကလေးတစ်ဦး မျက်စိကွယ်နေသည်။


ယနေ့တိုးတက်နေသော နည်းပညာများအရ မျက်စိအမြင် ချို့တဲ့သူ ၈၀ ရာခိုင်နှုန်းသည် ကာကွယ်ကုသ၍ရသည့် မျက်စိ ရောဂါများဖြစ်နေသည်ကို တွေ့ရသည်။ မျက်စိအမြင်အာရုံ ချို့ယွင်းမှု ၉၀ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ နေထိုင်လျက် ရှိ၏။ မျက်စိနှင့် ပတ်သက်သည့် ကာကွယ်ခြင်း၊ ကုသခြင်း ဗဟုသုတနည်းပါးလျက်ရှိ၏။ 


လူ့ဘဝအတွက် အရေးကြီးသည့်မျက်စိကို ရောဂါကင်းရှင်း စေရန်နှင့် အမြင်သန်စွမ်းစေရန် မိမိ၏မျက်စိကို မိမိစောင့်ရှောက် ရန်လိုအပ်သည်။ မျက်စိကွယ်ခြင်းမှ ကင်းဝေးစေရန် မျက်စိနှင့် မျက်စိရောဂါများအကြောင်း သိရှိရန်လိုအပ်သည်။


ယခုအခါ မျက်စိဝေဒနာရှင်များအား မျက်စိဆရာဝန်ကြီး များက မြို့နယ်များ၊ ကျေးရွာများအထိ မျက်စိကျန်းမာရေး ပြုစုစောင့်ရှောက်ပေးခြင်း၊ အတွင်းတိမ်၊ ရေတိမ်စသည့် မျက်စိ ရောဂါဖြစ်ပွားနေသူများကို ခွဲစိတ်ကုသပေးခြင်းတို့ ပြုလုပ် ပေးလျက်ရှိသည်။


အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများကလည်း ပူးပေါင်းပါဝင်၍ မျက်စိရောဂါများနှင့် မျက်မှန်များ လှူဒါန်းလျက် ရှိရာ မျက်စိဝေဒနာရှင်များအတွက် အားတက်ဖွယ်ပင် ဖြစ်ပါကြောင်း။      ။






အခြားဆက်စပ်သတင်းများ