ဝါရှင်တန် ဇွန် ၁၀
ချီကာဂိုမြို့မှာနှစ် ၃၀ ကာလအတွင်းဆူပူအုံကြွမှုကြောင့် တစ်ရက်တာလူသေဆုံးမှုအများဆုံး ဖြစ်ပွားသည့်နေ့ ကြုံတွေ့ခဲ့သည်။ မေလ ၃၀ ရက်မှ ၃၁ ရက်ကြား ၂၄ နာရီကာလအတွင်းချီကာဂိုမြို့တွင် ဆူပူအုံကြွမှုများကြောင့် အနည်းဆုံးလူ ၁၈ ဦးသေဆုံးခဲ့သည်။
မင်နီယာပိုလစ်မြို့တွင် ရဲအရာရှိကြောင့် လက်နက်မဲ့ လူမည်းအမျိုးသားဂျော့ဖလွိုက် သေဆုံးခဲ့သည့်အပေါ် မကျေနပ်ခြင်းကြောင့် ဆန္ဒပြရာမှ ဆူပူအုံကြွမှုများဖြစ်ပွားခဲ့ပြီးအဓိကရုဏ်းဖြစ်ရပ်များ၊ လုယက်ဖောက်ထွင်းမှုများဖြစ်ပွားခဲ့သည်။
မေလနောက်ဆုံးပတ်၏ အားလပ်ရက်သုံးရက်အတွင်းပစ်ခတ်ခံရသူ ၈၅ ဦးရှိခဲ့ပြီး လူ၂၄ ဦးသေဆုံးခဲ့သည်ဟု ချီကာဂိုတက္ကသိုလ်၏ မှုခင်းဓာတ်ခွဲခန်းကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်ရပ်တွင် သေဆုံးခဲ့သူအများစုမှာလူမည်းများဖြစ်သည်။ သေဆုံးသူ၊ ဒဏ်ရာရသူများတွင် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ သက်လတ်ပိုင်းအလုပ်သမားများပါဝင်နေသည်။
ချီကာဂိုမြို့သမိုင်းတစ်လျှောက် ဒုတိယမြောက် လူသေဆုံးမှုအများဆုံးနေ့မှာ ၁၉၉၁ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ဖြစ်ပြီးလူ ၁၃ ဦးအသတ်ခံခဲ့ရသည်။
သို့သော် ၁၉၉၁ ခုနှစ်မတိုင်မီကာလကကိန်းဂဏန်းအချက်အလက်များမှာတိကျမှုအားနည်းခြင်းကြောင့် ၂၀၂၀ ပြည့်နှစ် မေလ ၃၀ ရက်မှ ၃၁ ရက်ကြားကာလမှာအနည်းဆုံးနှစ် ၆၀ အတွင်းချီကာဂိုမြို့တွင် လူသေဆုံးမှုအများဆုံးနေ့ဖြစ်ဖွယ်ရှိသည်ဟုသုတေသီများကဆိုသည်။
(KNT)