နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လေဖြတ်ရောဂါကာကွယ်၊ ပြန်လည်ထူထောင်ရေး ဝိုင်းဝန်းကြိုးပမ်း

လေဖြတ်ရောဂါသည် ဦးနှောက်သို့ သွေးသွားလာစီးဆင်းမှု ရပ်ဆိုင်းသွားခြင်း (သို့မဟုတ်) လျော့နည်းသွားခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော ရလဒ်ဖြစ်သည်။


လေဖြတ်ရောဂါအမျိုးအစားကြီး နှစ်မျိုးရှိပြီး ယင်းတို့မှာ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြော ပေါက်၍ လေဖြတ်ခြင်းတို့ဖြစ်သည်။


လူခန္ဓာကိုယ်၏ အရေးအကြီးဆုံးအင်္ဂါ အစိတ်အပိုင်းဖြစ်သည့် ဦးနှောက်သည် ၎င်း၏လုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရန် လုံလောက်သော သွေးပမာဏကိုမရရှိပါက အဆိုပါဦးနှောက် အစိတ်အပိုင်းနှင့် သက်ဆိုင်သော ခန္ဓာကိုယ်အစိတ်အပိုင်း၏ လုပ်ငန်းများ ရပ်ဆိုင်းသွားပြီး လေဖြတ်ရောဂါလက္ခဏာများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။


ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်များ အရ ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူဦးရေ ၁၅ သန်းမှာ လေဖြတ် ရောဂါခံစားရပြီး ယင်းတို့အနက် လူဦးရေ ခြောက်သန်းမှာ အသက်ဆုံးရှုံးလျက်ရှိနေကြောင်း၊ လူ ခြောက်ဦးလျှင် တစ်ဦး သည် ယင်း၏ဘဝသက်တမ်းတစ်လျှောက် တစ်ချိန်ချိန်တွင်      လေဖြတ်ရောဂါဖြစ်ပွားနိုင်ချေရှိပြီး အချိန် ခြောက်စက္ကန့်တွင် လေဖြတ်ရောဂါကြောင့် သေဆုံးသူတစ်ဦးရှိနေကြောင်း သိရ သည်။ 


သို့ဖြစ်ရာ လေဖြတ်ရောဂါဖြစ်ပွားရန် အားပေးည့်အမူအကျင့် များဖြစ်သည့် ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်းတို့ကို ရှောင်ကြဉ်သင့်သည်။ လေဖြတ်ရောဂါ ကြိုတင် ကာကွယ်နိုင်ရန် သွေးပေါင်မှန်မှန်ချိန်ခြင်း၊ အချို၊ အဆီ၊ အငန်ဓာတ်လွန်ကဲသော အစားအသောက်များကိုရှောင်ခြင်း၊ ကိုယ် အလေးချိန် ထိန်းသိမ်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုခြင်း တို့ကို ဆောင်ရွက်သင့်သည်။


လေဖြတ်မှုများတွင် အသက် ၂၀ မှ ၆၄ နှစ်ကြား သက်လတ် ပိုင်းများသည် ၃၀ ရာခိုင်နှုန်းကျော်ရှိသည်။ လွန်ခဲ့သော နှစ် ၂၀ ကထက် ပိုမိုမြင့်တက်လာကြောင်း သုတေသနပညာရှင်များ က ထုတ်ပြန်ထားသည်။ အရွယ်ငယ် သက်လတ်ပိုင်းများတွင် လေဖြတ်ခြင်းများသည် ကြောက်ခမန်းလိလိ တိုးတက်လာခဲ့သည် ဟု ဆိုသည်။


ရန်ကုန်ဆေးရုံကြီးရှိ ဦးနှောက်နှင့် အာရုံကြောဌာန၊ လေဖြတ် ရောဂါကုသဆောင်တွင် လေဖြတ်ရောဂါဝေဒနာရှင်များကို ကုသ ပေးလျက်ရှိရာ အချိန်မီကုသနိုင်ရေး ဆက်သွယ်ကုသမှုခံယူနိုင် သည်။ ကမ္ဘာအနှံ့ လေဖြတ်ခြင်းပြဿနာ လျင်မြန်စွာကြီးထွားလာ မှုကြောင့် လေဖြတ်သည့်ဘေးမှ ကာကွယ်ရေးနည်းလမ်းများကို သတိပြုဆင်ခြင် လိုက်နာဆောင်ရွက်စေချင်ကြောင်း။     ။






အခြားဆက်စပ်သတင်းများ