ဘရာစီလီယာ ဇွန် ၁၀
အထက်တရားရုံးချုပ်ကအမိန့်ချမှတ်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဘရာဇီးနိုင်ငံကျန်းမာရေးဌာန ဝက်ဘ်ဆိုက်၌ COVID-19 ကူးစက်ခံရမှုကိန်းဂဏန်းအချက်အလက်များကိုအပြည့်အစုံပြန်လည်ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်စနေနေ့တွင် ဘရာဇီးနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက COVID-19 ကူးစက်ခံရသူ၊ သေဆုံးသူစုစုပေါင်းအရေအတွက်ကိုဖော်ပြတော့မည်မဟုတ်ဟုကြေညာခဲ့ရာဝေဖန်မှုများပေါ်ပေါက်ခဲ့သည်။
ဘရာဇီးအစိုးရကကျန်းမာရေးဆိုင်ရာအချက်အလက်များကိုပါ ဆင်ဆာဖြတ်နေသည်ဟုစွပ်စွဲမှုများ ထွက်ပေါ်လာခဲ့ရာပြီးခဲ့သည့်အင်္ဂါနေ့တွင် အထက်တရားရုံးချုပ် တရားသူကြီးကဝက်ဘ်ဆိုက်တွင် ကိန်းဂဏန်း အချက်အလက်များအပြည့်အစုံဖော်ပြပေးရန် အမိန့်ချမှတ်ခဲ့သည်။
ဘရာဇီးနိုင်ငံမှာကမ္ဘာပေါ်တွင် COVID-19 ရောဂါကူးစက်ခံရသူဒုတိယအများဆုံးဖြစ်ပြီးလက်ရှိအချိန်တွင် တစ်နေ့တာသေဆုံးသူအရေအတွက်မှာလည်းအခြားနိုင်ငံများထက် ပိုများနေသည်။
(KNT)