မော်စကို ဇွန် ၁၀
ရုရှားနိုင်ငံ၏ အာတိတ်စက်ဝိုင်းမြောက်ဘက်တွင် ဖြစ်ပွားခဲ့သည့် ဒီဇယ်ယိုစိမ့်မှုကြောင့် ကြီးမားသည့် ရေချိုရေကန်ကြီးညစ်ညမ်းခဲ့ရပြီးအာတိတ်သမုဒ္ဒရာအထိကူးစက်ပျံ့နှံ့သွားဖွယ်ရှိသည်ဟုရုရှားနိုင်ငံ၏ ထိပ်တန်းအရာရှိတစ်ဦးကပြောသည်။
လောင်စာကန် ပြိုလဲခြင်းကြောင့် ယိုစိမ့်ခဲ့သည့် ဒီဇယ်တန်ချိန် ၂၁၀၀၀ မှာနိုရီဆက်မြို့မြောက်ဘက် ၁၂ မိုင် အကွာအထိစီးဆင်းခဲ့ရာအရေးပေါ်အဖွဲ့ကဒီဇယ်ဆီများကိုစစ်ထုတ်တားဆီးရန် ကြိုးစားနေသည်။
အဆိုပါဖြစ်ရပ်မှာမျက်မှောက်ခေတ်ကာလရုရှားနိုင်ငံ၏ အာတိတ်ဒေသတွင် အဆိုးရွားဆုံးမတော်တဆမှု ဖြစ်သည်ဟုသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူများနှင့် အရာရှိများကပြောသည်။
မေလ ၂၉ ရက်တွင် စတင်ဖြစ်ပွားခဲ့သည့် ဒီဇယ်ယိုစိမ့်မှုကြောင့် အမ်ဘာနာယာမြစ်နှင့် ပတ်ဝန်းကျင်မြေထုကိုညစ်ညမ်းစေခဲ့သည်။ အေးခဲမြေဆီလွှာ အရည်ပျော်လာပြီးထောက်တိုင်များယိုင်လဲသွား၍ လောင်စာကန် ပြိုလဲခဲ့ခြင်းဖြစ်သည်ဟုစုံစမ်းစစ်ဆေးသူများကယုံကြည်နေသည်။
ကမ္ဘာကြီးပူနွေးလာသည့် ရိုက်ခတ်မှုလက္ခဏာတစ်ရပ်အဖြစ် အာတိတ်ဒေသတွင် ပုံမှန်မဟုတ်သည့် ရာသီဥတုပူနွေးမှုမျိုးသီတင်းပတ်ပေါင်းများစွာကြုံတွေ့ခဲ့သည်။
(KNT)