နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သစ်တောနှင့် ပတ်ဝန်းကျင် ရာသီဥတု

လူသားအားလုံး ရှင်သန်ရပ်တည်နိုင်ရေးအတွက် ရာသီဥတု မျှတခြင်းသည် အဓိကအချက်ဖြစ်နေသည်။ သစ်တောသစ်ပင် များကြောင့် ကမ္ဘာကြီးသည် စိမ်းလန်းသာယာလျက် လူသားများ နှင့် သားငှက်၊ တိရစ္ဆာန်နှင့် ဇီဝမျိုးစုံတို့ အမှီသဟဲပြုကာ ရှင်သန် နေထိုင်ကြခြင်းဖြစ်သည်။ 

ကမ္ဘာ့သစ်တောကြီးများ တစ်စတစ်စ ပြုန်းတီးလာနေသည်။ လူတိုင်း၏ ပယောဂကြောင့် အများဆုံးရှုံးနေရသည်။ သဘာဝ ဘေးအန္တရာယ် တောမီးလောင်ကျွမ်းမှုကြောင့်လည်း ဆုံးရှုံးနေရ သည်။ မည်သို့ဆိုစေ သစ်တောပြုန်းတီးမှုသည် သက်ရှိများ ရှင်သန်ရေးတွင် ကြီးမားသောဆုံးရှုံးမှုတစ်ရပ် ဖြစ်သည်။

သို့သော် ကမ္ဘာသစ်တောကြီးများနည်းတူ မိမိတို့ မြန်မာနိုင်ငံရှိ ဒီ‌ရေတော၊ တောင်ပေါ်သစ်တော၊ ရွက်ပြတ်သစ်တော၊ အမြဲစိမ်း သစ်တောများ၊ တစ်စတစ်စ ယိုယွင်းပျက်စီးလာနေသည်။ ယင်းကဲ့သို့ပြုန်းတီးမှု များပြားလာခြင်းကို မိမိတို့က ပြန်လည် ပြုပြင်ထိန်းသိမ်းရန်အတွက် သစ်ပင်၊ သစ်တောများ ပြန်လည် စိုက်ပျိုးတည်ထောင်မှု ပြုလုပ်လာကြသည်။

နိုင်ငံတော်မှ သစ်တောသယံဇာတများ ပြန်လည်ဖွံ့ဖြိုးလာ စေရန် သစ်တောစိုက်ခင်းများကို စီမံကိန်းနှင့် ဆောင်ရွက်ရာတွင် ဒေသခံများဆန္ဒ၊ ဒေသခံလူနေမှုဖွံ့ဖြိုးတိုးတက်စေရန် CSR လုပ်ငန်းများ ထည့်သွင်းသွင်း‌ရေးဆွဲခြင်း၊ ပတ်ဝန်းကျင်လူမှုရေး ထိခိုက်မှုဆန်းစစ်ခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ်နှင့် ဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုအတွက်ချပေးသည့် PES တို့ကိုပါ ရေးဆွဲအကောင်အထည်ဖော်နေသည်။

မြန်မာနိုင်ငံတွင် အပူပိုင်းမုတ်သုံ မိုးသစ်တောများသည် ပျက်စီးမှုမရှိ သဘာဝအတိုင်းတည်ရှိနေသဖြင့် ကမ္ဘာပေါ်တွင် ထင်ရှားသော ဒေသဖြစ်ခြင်း၊ ရှည်လျားသည့် ကမ်းရိုးတန်းဒေသ အတွင်း၊ အမြဲစိမ်းတောများ၊ ဒီ‌ရေတောများနှင့် ဇီဝမျိုးစုံမျိုးကွဲ များ ရှင်သန်လျက်ရှိသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ ၏ ၂၀၂၂ ခုနှစ် ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင်                နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ‌တော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကား ပြောကြားရာ၌ "တပ်မတော်အနေဖြင့် နှစ်စဉ်နှစ်တိုင်း သစ်ပင် စိုက်ပွဲတော်များ ပြုလုပ်လာသည်မှာ ဆယ်စုနှစ်တစ်ခုမက တိုင်ခဲ့ပြီဖြစ်ပြီး သစ်ပင်စိုက်ပျိုးရခြင်းနှင့် ပတ်သက်၍ နှစ်စဉ် မိုးရာသီရောက်တိုင်း သစ်ပင်စိုက်ပျိုးပွဲတော်များကို ပြုလုပ် ကျင်းပကာ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးများ၊ အဖွဲ့အစည်းများအလိုက် စိုက်ပျိုးလျက်ရှိကြောင်း၊ သစ်တော၊ သစ်ပင်များ၏ ဖြစ်တည်မှုသည် လူအပါအဝင် သက်ရှိသတ္တဝါ အားလုံး အသက်ရှင်တည်မြဲနိုင်ရေးအတွက် ‌ဂေဟကွင်းဆက် တစ်ခုပင်ဖြစ်ကြောင်း၊ လူနှင့် သတ္တဝါတို့ အသက်ရှင်ရပ်တည်ရေး အတွက် သစ်တောသစ်ပင်များသည် အရေးပါလျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ရာ သစ်တောသစ်ပင် စိမ်းလန်းစိုပြည် လာသည်နှင့်အမျှ လူသားတို့မှီခိုအားထားရာ အကျိုးပြုရာ သဘာဝပတ်ဝန်းကျင်သည်လည်း ရှင်သန်ဖွံ့ဖြိုးလာမည်ဖြစ်ပါ ကြောင်း။         ။






အခြားဆက်စပ်သတင်းများ