နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယဉ်ကျေးမှုအစဉ်အလာမှသည်

ကျွန်ုပ်တို့နိုင်ငံ၌ ယဉ်ကျေးမှုထုံးထမ်းအစဉ်အလာ များမှာ ရှေးအဆက်ဆက်ကတည်းက ဝင့်ကြွားထည်ဝါ အားကောင်းပြီး ဂုဏ်တင့်ဖွယ်ကောင်းလှသည်။ သာယာငြိမ့် ညောင်းဖွယ်သံစဉ်များကို ကြားရလျှင် စိတ်နှလုံးဘဝင်တွင် လွမ်းမောကြည်နူးစေသည်။ မြူးကြွသည့်သံစဉ်များကို ကြားရလျှင် တက်ကြွလန်းဆန်းစိတ်ရွှင်လန်းမှုကိုဖြစ်စေ သည်။ 


မြန်မာတို့၏ ပင်ကိုယ်ဗီဇနှင့် စိတ်ဓာတ်၊ စရိုက်လက္ခဏာ များအရ ရှေးအစဉ်အဆက်ကတည်းက မြန်မာတို့နှင့် လိုက်ဖက်တင့်တယ်သော အနုပညာသံစဉ်တေးသွားများ ရှိပြီးဖြစ်သည်။ ထို့အတူ ခေတ်ရေစီးကြောင်းနှင့်ပြောင်းလဲ လာသောအခြေအနေများအရ အနောက်တိုင်းတေးဂီတ များလွှမ်းမိုးလာသည်မှာ သဘာဝကျသည်။ သို့သော် မြန်မာ့ ဓလေ့ထုံးတမ်းအစဉ်အလာ အနုပညာသံစဉ်များလည်း မပျောက်ကွယ်သင့်ပါ။ 


ထို့ကြောင့်  အမျိုးဂုဏ်၊ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအနုပညာများ မကွယ်ပျောက်စေရေးအတွက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေးအတီးပြိုင်ပွဲများကို ကျင်းပမည်ဖြစ်သည်။


၂၃ ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို မကြာမီကျင်းပရန် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို                                              ကျင်းပခဲ့ပေသည်။ 


ယဉ်ကျေးမှုဟုဆိုလျှင် စား၊ ဝတ်၊ နေရေးအရေးသုံးပါးမှ အစ စာပေ၊ ဘာသာစကား၊ အနုပညာစသည်တို့ အကျုံးဝင် ပါသည်။   ဘိုးဘွားစဉ်ဆက်   ကိုယ်ပိုင်ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသော အစဉ်အလာရှိခဲ့သည့် မြန်မာတို့က  ယဉ်ကျေးမှုကွယ်ပျောက်လျှင်  လူမျိုးပါ ကွယ်ပျောက်မည်ဟု ခံယူထားကြသည်။ 


ထို့ကြောင့်  အမျိုးဂုဏ်၊  ဇာတိဂုဏ်မြင့်မားရေးနှင့် အမျိုးသားယဉ်ကျေးမှု မကွယ်ပျောက်စေရေးအတွက် မကြာမီကျင်းပမည့် ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား  လှိုက်လှဲစွာဂုဏ်ပြုကြိုဆိုခြင်းဖြင့် ရိုးရာယဉ်ကျေးမှုအမွေကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက် စေချင်ကြောင်း။






အခြားဆက်စပ်သတင်းများ