နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်ကိုင်မပါမောင်းသူ မဲ့ယာဉ် တရုတ်ပြသ

ပေကျင်း၊ ဇူလိုင် ၂၃ 


စတီယာရင် လက်ကိုင် ပါဝင်ခြင်း မရှိသည့် Apollo RT6 အမည်ရ စက်ရုပ် ကားကို တရုတ်အဏာပိုင်များကလာမည့် နှစ် အတွင်း လမ်းမများပေါ် မောင်းနှင်ရန် ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်ကြောင်း ဇူလိုင် ၂၂ ရက်တွင် Baidu ကုမ္ပဏီ၏ အကြီးတန်း ဒုတိယဥက္ကဋ္ဌဖြစ်သူ Li Zhenyu က ပြောသည်။ 


မောင်းသူမဲ့ယာဉ်၏ မောင်းနှင်နိုင် မှုစွမ်းရည်သည် ယာဉ်မောင်းနှင်မှု အနှစ် ၂၀ ကျော် အတွေ့အကြုံရှိသည့် လူသားတစ်ဦးနှင့် ယှဉ်ပြိုင်နိုင်မည် ဖြစ်ပြီး ယာဉ်၏ဈေးနှုန်းသည် ယွမ် ၂၅၀,၀၀၀ (ပေါင် ၃၁,၀၀၀) ကျသင့်မည် ဖြစ်ကြောင်း သိရသည်။ 


အဆိုပါ မောင်းသူမဲ့ယာဉ်အသစ်တွင် လူသား ဝင်ရောက်စွက်ဖက်ရန်မလိုသည့် ကိုယ်ပိုင်ထိန်းချုပ်မောင်းနှင်မှု Level 4 စွမ်းရည် ပါဝင်မည်ဖြစ်ပြီးအရာဝတ္ထုနှင့် အကွာအဝေးကို တိုင်းတာပေးမည့် Lidars ၈ ခု ပါဝင်မည် ဖြစ်ကာ ကင်မရာ ၁၂ လုံးကိုလည်း တပ်ဆင်ပေးထားမည် ဖြစ်သည်။ 


တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝန်း မောင်းသူမဲ့ယာဉ် နည်းပညာကိုဦးဆောင် ရန် ကြိုးပမ်းလျက်ရှိနေပြီး အမေရိကန် ကမူ အဆိုပါနည်းပညာကဏ္ဍတွင် အနည်းငယ် နောက်ကျနေကြောင်းသိရ သည်။                    

        (ref: Bloomberg)






အခြားဆက်စပ်သတင်းများ