နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ကိုဗစ်ကူးစက်ခံရ

ဝါရှင်တန်၊ ဇူလိုင် ၂၃ 


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ကိုဗစ် ကူးစက်ခံထားရပြီး အပျော့စား ရောဂါလက္ခဏာ ဖြစ်ပေါ် ခံစားနေရ ကြောင်း အိမ်ဖြူတော်က ဇူလိုင် ၂၂ ရက်တွင် ထုတ်ပြန်လိုက်သည်။ 


သမ္မတဘိုင်ဒန်သည် ပက်ဇ်လိုဗစ် အမည်ရှိ ရောဂါပြင်းထန်မှုလျော့ပါး စေသော ဆေးဝါးကို သောက်သုံးနေ ကြောင်း အိမ်ဖြူတော်ပြောခွင့်ရ ကေရင်း ယန်းပီယာက ပြောသည်။ 


သမ္မတဘိုင်ဒန် သည်ရောဂါကူး စက် ခံထားရသော်လည်း သီးခြားနေထိုင်ရင်း ရုံး အလုပ်များကို ဆက်လက်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။ 


ယင်းသည် ညနေပိုင်းရောက်ရှိ ချိန်တွင် နှာရည်ယိုခြင်း ၊ကိုက်ခဲပြီး ရံဖန် ရံခါ ချောင်းခြောက်ဆိုးခြင်းများဖြစ်ပေါ်  နေကြောင်း ဘိုင်ဒန်၏ ဆရာဝန် ဒေါက် တာ ကီဗင်အိုကော်နားက ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ 


အသက် ၇၉ နှစ်ရှိပြီ ဖြစ်သည့် သမ္မတ ဘိုင်ဒန်သည် Pfizer ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးနှံထားပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာတွင် ကိုဗစ်အားဖြည့်ဆေး ပထမတစ်လုံး၊ မတ်တွင် နောက်ဆက်တွဲ ကိုဗစ်အားဖြည့် ဆေးတစ်လုံး စုစုပေါင်း လေးကြိမ်ထိုးထားပြီး ဖြစ်သည်။ 


 (ref: BBC)






အခြားဆက်စပ်သတင်းများ