နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒရောပတ်တီမာမူ အိန္ဒိယသမ္မတအဖြစ် ရွေးခံရ ပထမဆုံး လူမျိုးစု အမျိုးသမီးသမ္မတ ဖြစ်လာ

 နယူးဒေလီ၊ ဇူလိုင် ၂၃ 


အိန္ဒိယနိုင်ငံ ဘီဂျေပီပါတီ ကျော ထောက်နောက်ခံပြု အမျိုးသားဒီမိုက ရက်တစ် မဟာမိတ်ပါတီဝင် ဒရောပတ် တီမာမူသည် အိန္ဒိယ၏ သမ္မတအဖြစ် ရွေးချယ်ခံရပြီး ပထမဆုံး လူမျိုးစု အမျိုး သမီးသမ္မတ  ဖြစ်သည်။ 


ဒရောပတ်တီမာမူသည် သမ္မတရွေး ကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး အိန္ဒိယ သမ္မတနိုင်ငံ၏ ၁၅ ဦးမြောက် သမ္မတ အဖြစ် ရွေးကောက် တင်မြှောက်ခံရခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ် မိုဒီကအတည်ပြု သည်။ 


ဒရောပတ်တီမာမူသည် အိန္ဒိယ နိုင်ငံ၏ သမိုင်းတွင် ဒုတိယမြောက် အမျိုး သမီးသမ္မတ ဖြစ်သကဲ့သို့ ၊ပထမဆုံးလူမျိုး စု အမျိုးသမီး သမ္မတအဖြစ်မှတ်တမ်း ဝင်လျက် ရှိသည်။ အသက် ၆၄ နှစ်အရွယ် ရှိပြီဖြစ်သည့် ဒရောပတ်တီမာမူသည် လာမည့် ဇူလိုင် ၂၅ ရက်တွင် သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုရမည် ဖြစ် သည်။ 


အိုဒီရှား ပြည်နယ် ဆန်တန်မျိုးနွယ် စုက မွေးဖွားလာသည့် သူမသည်ကျောင်း ဆရာမ တစ်ဦးအဖြစ်အသက် မွေးဝမ်း ကျောင်းကာ ရပ်ရွာအရေးကိစ္စ များ တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦး လည်း ဖြစ်သည်။ 


ထို့နောက် ဘီဂျေပီပါတီ၏ပြည်နယ် လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီးနောက် အိန္ဒိယ အရှေ့ပိုင်း ဂျာခမ် ပြည်နယ်၏ အုပ်ချုပ်ရေးမှူးဖြစ် လာ သည်။ ခင်ပွန်းဖြစ်သူ ဘဏ်လုပ်ငန်း ရှင်သည် ၂၀၁၄ ခုနှစ်က ကွယ်လွန်သွားပြီး သား နှစ်ဦးသည်လည်း ကွယ်လွန်သွားပြီ ဖြစ်သည့်အတွက် သူမသည် ခြောက်နှစ် တာ ကာလအတောအတွင်း ခင်ပွန်းနှင့် သားနှစ်ဦးတို့ကို ဆုံးရှုံးခဲ့ရကာလက်ရှိ တွင် သမီးတစ်ဦး ကျန်ရစ်ခဲ့ကြောင်းသိရ သည်။                             (ref: Reuters)






အခြားဆက်စပ်သတင်းများ