နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စွတ်စိုသောရာသီနှင့် သတိပြုဖွယ်

မိုးအဆက်မပြတ်ရွာပြီး ရေတင်သည့် အချိန်၊ ရေတက်သည့် ရာသီချိန်များတွင် အဆုတ်ရောင်ရောဂါ(နမိုးနီးယား)အပြင် သွေးလွန်တုပ်ကွေးရောဂါများနှင့် ကြွက်များပေါက်ပွားတတ်သော ရာသီဖြစ်၍ ရောဂါဘယများကိုကာကွယ်ကြရန် လိုအပ်သည်။ 


အဆုတ်ရောင်ရောဂါသည် ကလေးငယ်တိုင်းတွင်ဖြစ်ပွားနိုင် ပြီး ကာကွယ်ဆေးအပြည့်အဝထိုးနှံခြင်းမပြုသည့် ကလေးနှင့်     မိခင်နို့ချိုပြည့်ပြည့်ဝဝတိုက်ကျွေးခြင်းမရှိသည့် ကလေးများတွင် အဖြစ်များတတ်သည်။ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှု ကျပ်ခြင်း၊ အသက်ရှုသံပြင်းခြင်း၊ ချွဲသံမည်ခြင်း၊ အသက်ရှုနှုန်း ပိုမြန်လာခြင်းစသည့် သာမန်အဆုတ်ရောင်ရောဂါလက္ခဏာများ တွေ့ရှိပါက နီးစပ်ရာဆေးရုံ၊ ဆေးပေးခန်းများသို့ ပြသကုသမှုခံယူ ကြရမည်ဖြစ်သည်။ 


အဆုတ်ရောင်ရောဂါသည် အသက်အန္တရာယ်ကို ထိခိုက်နိုင် သဖြင့် နီးစပ်ရာဆရာဝန်၊ ဆေးခန်း၊ ဆေးရုံများသို့ အလျင်အမြန် ဂရုပြုပြသနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်သည်။ ယခုကဲ့သို့ စွတ်စိုရာသီချိန်တွင် ခြင်ပေါက်ပွားမှုကို ကာကွယ်နိုင်ရန်အတွက် ရေစည်၊ ရေအိုး၊ ပန်းအိုး၊ အုတ်ရေကန်များအား ဖုံး၊ သွန်၊ လဲ၊ စစ် ခြင်းများ ပြုလုပ်ကြရပေမည်။ မိုးများပြီး ရေတင်ကျန်ခဲ့သော အချိန်၊ ရေတက်သည့်အချိန်အမှိုက်ပုံများတွင် ကြွက်များပေါက်ပွားတတ် သည်။


နေအိမ်ပတ်ဝန်းကျင်၌ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ရေမြောင်းများရှင်းလင်းခြင်း၊ စားကြွင်းစားကျန်များ စနစ်တကျ စွန့်ပစ်ခြင်းလုပ်ငန်းများကို မြို့ပြနေပြည်သူများအားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်းဖြင့် ကူးစက်ရောဂါများမှ ကာကွယ်နိုင်မည် ဖြစ်သည်။ 


ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇ ပြောင်းရောဂါပိုးစောင့်ကြည့်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇစစ်ဆေးခြင်း ကို ဆေးသုတေသနဦးစီးဌာနတွင် ၃၀-၆-၂၀၂၂ ရက်နေ့၌ ဆောင် ရွက်ခဲ့ရာ SARS COV-2 Varint Omicron (အိုမီခရွန်)မျိုးရိုးဗီဇ ပြောင်းရောဂါပိုး BA-4 ကို ဓာတ်ခွဲနမူနာတစ်ခုတွင် လည်းကောင်း၊ BA-5 ကို ဓာတ်ခွဲနမူနာငါးခုတွင်လည်းကောင်း  တွေ့ရှိရပြီး Omicron (အိုမီခရွန်)မျိုးရိုးဗီဇပြောင်းရောဂါပိုး BA-4 နှင့် BA-5  တွေ့ရှိသူအားလုံးသည် ပြည်ပမှ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိ  လာသော မြန်မာနိုင်ငံသားများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနမှ သတင်းထုတ်ပြန်ထားသည်။


သို့ဖြစ်ရာ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် သက်ဆိုင်သည့် စည်းမျဉ်း၊ စည်းကမ်း များအား အလေးထားလိုက်နာဆောင်ရွက်စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ