နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုယ်+နှုတ်အမူအရာ၊ စာရိတ္တမြင့်မားရေး ကြိုးပမ်းစွမ်းဆောင်ပေး

ယနေ့လူငယ်များသည် အနာဂတ်ကိုပုံဖော်ထုဆစ်ကြမည့် သူများဖြစ်သည်။ မိမိတို့တွင် အရည်အချင်းရှိမှ၊ ထူးချွန်ထက်မြက် မှ၊ ကိုယ်ကျင့်တရားကောင်းမှ မိမိတို့၏အနာဂတ်မှာ သာယာလှပ ပေမည်။


ယနေ့လူငယ်လူရွယ်များသည် စာတော်ကြသည်။ ထူးချွန် ထက်မြက်ကြသည်။ သို့သော် စာရိတ္တနှင့် ယဉ်ကျေးမှုပိုင်းဆိုင်ရာ တို့တွင် များစွာယိုယွင်းလာသည်ဟု ထင်မြင်ယူဆမိသည်။ ဘုရား၊ ကျောင်းကန်များနှင့်ဝေးလာသည်။ လူကြီးသူမများအဆုံးအမများ နှင့် စိမ်းလာသည်။ အနောက်တိုင်းယဉ်ကျေးမှုကို မက်မောလာပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုကို ခုံမင်မှုမရှိတော့ပါ။ ကိုယ်ပိုင်ယဉ်ကျေး မှုအပေါ် တန်ဖိုးထားမှုလျော့နည်းလာလျှင် အမျိုးသားရေးစိတ်  ဓာတ်ချည့်နဲ့အားနည်းသွားမည်ဖြစ်သည်။


မျက်မှောက်ခေတ်သည် ပညာခေတ်ဟုဆိုသည်။ တိုးတက် လာသော အတတ်ပညာ၊ နည်းပညာရပ်များကြောင့် အံ့မခန်း တိုးတက်လာသော်လည်း အကျင့်သီလနှင့် စာရိတ္တကို ကောင်းမွန် ရန်၊ ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးသောအမူအရာတို့ ယဉ်ကျေးသိမ်မွေ့ ရန် ငယ်စဉ်ကပင် သင်ကြားပေးရန်လိုအပ်သည်။


ယဉ်ကျေးလိမ္မာသင်တန်းများသည် မြန်မာ့ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေး သော မွန်မြတ်သည့်လုပ်ငန်းကြီးဖြစ်သည်။ ယင်းသင်တန်းများကို နွေရာသီကျောင်းပိတ်ရက်၊ သီတင်းကျွတ်ကျောင်းပိတ်ရက်၊ ဒီဇင်ဘာကျောင်းပိတ်ရက်များတွင် အခြေအနေအချိန်အခါပေါ် မူတည်၍ မြန်မာနိုင်ငံအနှံ့အပြားတွင် ဖွင့်လှစ်ခဲ့ကြသည်။ 


ယခုအခါ ''ကျောင်းသားလူငယ်များ၊ စာရိတ္တမြင့်မားရေးအတွက် ပြည်သူ့နီတိနှင့် ၃၈ ဖြာမင်္ဂလာကို သင်ကြားပေးလျက်ရှိပြီး ဒီမို ကရေစီအနှစ်သာရကိုလည်း သိရှိအောင် သင်ကြားပေးသွားရမည် ဖြစ်ကြောင်း" နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး ၆/၂၀၂၂ ကို ဇူလိုင် ၂၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံ    အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြော ကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ 


အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ အနေဖြင့် တော်ရုံ၊ တတ်ရုံသာမက ကိုယ်ကျင့်တရားကောင်းမွန်ပြီး ယဉ်ကျေးလိမ္မာသည့် သားကောင်းရတနာများဖြစ်အောင် ကြိုးပမ်း အားထုတ်စေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ