နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျပ်သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းမိ

ရန်ကုန်  ဇူလိုင် ၂၁


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီ မြို့နယ်တွင် ငွေကျပ်သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး  ၁၁၆ တုံး၊ အလေးချိန် ၄၀ ဒသမ ၆ ကီလို ဖမ်းဆီးရမိကြောင်းသိရသည်။


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်၁၇ ရက်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သိန္နီ မြို့ နယ်၊ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၌ လားရှိုးမှ  မူဆယ်ဘက်သို့ ဟောင်း လွမ်းမောင်းနှင်ပြီး ဇော်ဂရောင်လိုက် ပါလာသည့် Crown မော်တော် ယာဉ်ကို သတင်းအရ ရှာဖွေရာ၊ ယာဉ်ပေါ်က ဒေသကာလ တန်ဖိုး ငွေကျပ်သိန်း ၆၀၀၀ ကျော် တန်ဖိုး ရှိ ဘိန်းဖြူဘလောက်တုံး  ၁၁၆ တုံး၊ အလေးချိန် ၄ဝ ဒသမ ၆ ကီလို သိမ်းဆည်းရမိသည်။


 စစ်ဆေးချက်အရ ညနေ ၄ နာရီ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ မြို့ရှောင်လမ်းတွင် ဘိန်းဖြူဘလောက် တုံးများသယ်ဆောင်ရာ၌ ပူးပေါင်း ပါဝင်သူ ရန်ကျုံးပြုံး(ခ)အောင်ကျော်မိုး အား ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်း ဆည်းရမိ ဘိန်းဖြူဘလောက်တုံး များကို   ရှမ်းပြည်နယ် (တောင် ပိုင်း)၊ ကျေးသီးမြို့နယ်မှ ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ မူဆယ် မြို့နယ် သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ် ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။                                       AKO






အခြားဆက်စပ်သတင်းများ