နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့တိုင်းရင်းဆေးပညာ စနစ်တကျထွန်းကားပြန့်ပွားရေး

လူတိုင်းသက်တမ်းစေ့ အသက်ရှင်နေနိုင်ရေးနှင့် ရောဂါဘယ ကင်းရှင်းရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကျန်းမာရေး အသိပညာပေးခြင်း၊ ရောဂါ ကာကွယ်တားဆီးခြင်းနှင့် ထိရောက်ကုသမှုခံယူခြင်းတို့ကို ပြု လုပ်ရသည်။


ထိရောက်သော ကုသမှုတွင် ခေတ်မီဆေးပညာရပ်များအပြင် မြန်မာ့တိုင်းရင်းဆေးပညာသည်လည်း အပါအဝင်ဖြစ်သည်။ မြန်မာ့တိုင်းရင်းဆေးပညာသည် သမိုင်းတန်ဖိုးမြင့်မားသည့်     ရှေး‌ဟောင်းအမွေအနှစ်တိုင်းရင်းဆေးပညာတစ်ရပ်ဖြစ်သည်။


မြန်မာ့သမိုင်းစဉ်တစ်လျှောက် မြန်မာ့ရာသီဥတု၊ ရေ၊မြေ၊ တော၊ တောင် မြန်မာ့ယဉ်ကျေးမှု ရိုးရာအမွေအနှစ် ဓလေ့ထုံးတမ်း အစဉ်အလာများ ထုံမွှမ်းလျက် တည်တံ့နေခဲ့သော ထီးနန်းသုံး တော်ဝင်ဆေးပညာလည်း ဖြစ်သည်။


ယနေ့ အချိန်အခါတွင် မြို့ပြနှင့်ကျေးလက်ဒေသနေပြည်သူ များသည် မြန်မာ့တိုင်းရင်းဆေးပညာရပ်နှင့် တိုင်းရင်းဆေးဝါး များကို အားကိုးယုံကြည်စွာ အသုံးပြုလျက်ရှိပြီး မြန်မာနိုင်ငံတွင် ကျေးလက်ဒေသများနှင့် ဝေးလံခေါင်းပါးသော အစွန်အဖျားဒေသ များအထိ မြန်မာ့တိုင်းရင်းဆေးဝါးနှင့် ဆေးပညာရပ်များ ဖြန့် ကြက်ရောက်ရှိနေပြီဖြစ်သည်။


ရှေးမြန်မာတိုင်းရင်းဆေးသမားတော်များ ခေတ်အဆက်ဆက် အမွေခံလာသော တိုင်းရင်းဆေးဝါးများ၏ ကုသနည်းများ၊ ခေတ်မီ ကုသမှုနည်းများ၊ ခေတ်မီနည်းများဖြင့် စနစ်တကျ သုတေသန ဖော်ထုတ်နိုင်မှုကြောင့် ကျန်းမာရေးပြဿနာများကို ကုသနိုင်သော ရလဒ်ကောင်းများ ရရှိနေပြီဖြစ်သည်။


နိုင်ငံတော်အစိုးရသည် မြန်မာ့တိုင်းရင်းဆေးပညာကဏ္ဍ တိုးတက်မြင့်မားစေရန်နှင့် တိုင်းရင်းဆေးပညာဖွံ့ဖြိုးမှု စီမံချက် များ ချမှတ်ကာ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီး ဌာနမှ တိုင်းရင်းဆေးပညာစနစ်တကျ ထွန်းကားပြန့်ပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်လာရေး ဘက်ပေါင်းစုံမှ အရှိန်အဟုန်ဖြင့် ဆောင် ရွက်လျက်ရှိသည်။


မြန်မာနိုင်ငံအတွင်း သဘာဝအလျှောက် ပေါများစွာဖြစ်ထွန်း နေသည့် သဘာဝသယံဇာတအရင်းအမြစ်များဖြစ်သည့် အဖိုးတန် ပရဆေးပင်များ ရေတွက်၊ မြေထွက်နှင့် တိရစ္ဆာန်ထွက်ဆေးဖက် ဝင်ပစ္စည်များကို ပြည်သူများ ကျန်းမာရေးအတွက် ဆေးဝါးအဖြစ် ဖော်ထုတ်သုံးစွဲလျက်ရှိသည်။ ယင်းကဲ့သို့ သုံးစွဲခြင်းဖြင့် မြန်မာ့ တိုင်းရင်းဆေးပညာရပ်များ ပိုမိုတိုးတက်လာရေးတွင် အထောက် အပံ့ဖြစ်ရန်နှင့် ဆေးဝါးစံချိန်စံညွှန်းနှင့်အညီ ထုတ်ဖော်သုံးစွဲနိုင် ရေး တိုးမြှင့်သုံးစွဲစေချင်ကြောင်း။






အခြားဆက်စပ်သတင်းများ