နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တားမြစ်တောရိုင်းတိရစ္ဆာန် ဆက်စပ်ပစ္စည်းများ မှောင်ခိုသယ်ယူမှု ဖမ်းဆီး

ကွာလာလမ်ပူ၊ ဇူလိုင် ၂၀ 


အမေရိကန် ဒေါ်လာ ၁၈ သန်းဖိုးခန့် ရှိသော အာဖရိက ဆင်စွယ်များ၊ သင်းခွေ ချပ်အကြေးခွံများ၊ အခြားတောရိုင်း တိရစ္ဆာန်များ၏ ဦးခေါင်းခွံများနှင့် အရိုးများပါရှိသည့် တရားမဝင် ကွန်တိန် နာတစ်လုံးကို မလေးရှား အာဏာပိုင် များက သိမ်းဆည်းရမိကြောင်း ဇူလိုင် ၁၉ ရက်တွင် ထုတ်ပြန်သည်။


အဆိုပါ ဖမ်းဆီးရမိမှုတွင် ဆင်စွယ် ၆၀၀၀ ကီလိုဂရမ်၊ သင်းခွေချပ် အကြေးခွံ ၁၀၀ ကီလိုဂရမ်၊ ကြံ့ချို ၂၅ ကီလိုဂရမ်နှင့် အရိုးနှင့် ဦးချိုများ အပါအဝင် တိရစ္ဆာန် အစိတ်အပိုင်း ၃၀၀ ကီလိုဂရမ်ပါဝင် ကြောင်းမလေးရှား အကောက်ခွန်ညွှန် ကြားရေးမှူးချုပ် Zazuli Johan က ပြောသည်။


အဆိုပါကွန်တိန်နာကို သယ်ဆောင် ခဲ့သည့် သင်္ဘောသည် အာဖရိကမှ အဘူဒါဘီ၊ အဘူဒါဘီ မှတစ်ဆင့် မလေးရှား တောင်ပိုင်းရှိ အဓိကဆိပ် ကမ်းဖြစ်သည့် Pasir Gudang သို့ ရောက်ရှိခဲ့သည်။ အကောက်ခွန်ဌာန အနေဖြင့် စုံစမ်းစစ်ဆေးမှုများဆက် လက်လုပ်ဆောင်  နေသော်လည်း အသေးစိတ် အချက်အလက်များကို ထပ်မံပြောကြားခြင်း မရှိသည့်အတွက် အဆိုပါ ကွန်တိန်နာသည် အာရှတိုက် ၏အခြားဒေသသို့ တင်ပို့ရန် ရည်ရွယ် ထားခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း အာဏာပိုင်များက ဆိုသည်။


မှောင်ခိုတင်သွင်းသူများသည် တားမြစ်တောရိုင်းတိရိစ္ဆာန်များကို မှောင်ခို သယ်ယူရန် မလေးရှားဆိပ်ကမ်းများကို ဆက်လက်အသုံးပြုနေဆဲဖြစ်ရာ အစိုးရ အဖွဲ့အနေဖြင့် သတိပြုသင့်သည့် အချက် တစ်ခုဖြစ်ကြောင်း တောရိုင်းတိရစ္ဆာန်နှင့် ဇီဝမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်ရေး သုတေသီများက ပြောကြားထားသည်။ 

(ref: AP)






အခြားဆက်စပ်သတင်းများ