နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗြိတိန်တွင် အပူလှိုင်းဖြတ်၊ ထူးကဲစွာပူပြင်း

လန်ဒန်၊ ဇူလိုင် ၂၀


ဗြိတိန်နိုင်ငံတွင် ရာသီဥတုဖောက် ပြန်ပြီး အပူလှိုင်းဖြတ်နေခြင်းကြောင့် မကြုံစဖူး ထူးကဲစွာ ပူပြင်းနေပြီး၊ လန်ဒန် မြို့တွင် အပူချိန် ၃၄ ဒီဂရီဆဲလ်စီးယပ် ၉၃ ဒသမ ၂ ဒီဂရီ ဖာရင်ဟိုက် အထက် ရှိကြောင်း ဗြိတိန်အစိုးရပိုင် သတင်းဌာန များတွင် ဖော်ပြသည်။


တစ်နိုင်ငံလုံးတွင် အပူဆုံးဒေသ သည် ဝေလပြည်နယ်ဖြစ်ပြီး၊ အပူချိန် ၃၅ ဒသမ ၃ ဒီဂရီ ဆဲလ်စီးယပ်စ် ၉၅ ဒသမ ၅၄ ဒီဂရီ ဖာရင်ဟိုက် ရှိကြောင်း သိရသည်။ အဆိုပါအပူချိန်သည် အပူ ပိုင်းဒေသနိုင်ငံများအတွက် မထူးဆန်း သော်လည်း ဗြိတိန်ကဲ့သို့ အအေးပိုင်း ဒေသနိုင်ငံများအတွက်မူ အလွန်ပူပြင်း သည့်ခံစားမှုကို ကြုံနေရခြင်း ဖြစ်သည်။


အပူချိန်သည် ဆက်လက်မြင့်တက် ရန် အလားအလာရှိနေပြီး ၄၁ ဒီဂရီ ဆဲလ်စီးယပ်စ် ၁၀၆ ဒီဂရီ ဖာရင်ဟိုဒ် အထိ မြင့်မားလာနိုင်ကြောင်း မိုးလေ၀သ ဌာနများက ခန့်မှန်းထားကြသည်။ လက် ရှိတွင် ယခုကဲ့သို့ ရာသီဥတုဖောက်ပြန် ပူပြင်းနေခြင်းကြောင့် အပူချိန်ဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်ထားသည်။

(ref: BBC)






အခြားဆက်စပ်သတင်းများ