နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဩစတြေးလျရှိ တိရစ္ဆာန်များ မျိုးသုဉ်းမည့်အန္တရာယ် ရင်ဆိုင်နေရ

မဲလ်ဘုန်း၊ ဇူလိုင် ၂၀ 


ဩစတြေးလျတွင် နို့တိုက်သတ္တဝါ မျိုးစိတ်များ  ပိုမိုဆုံးရှုံးနေကြောင်း ဇူလိုင် ၁၉ ရက်တွင် ဩစတြေးလျ အစိုးရက ထုတ်ပြန်သော ငါးနှစ်တာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီရင်ခံတွင် ဖော်ပြချက်အရ သိရ သည်။


သြစတြေးလျသည် ကမ္ဘာ့အချမ်း သာဆုံးနိုင်ငံများတွင် တိရစ္ဆာန်မျိုးစိတ် များကျဆင်းလာမှုနှုန်း အဆိုးရွားဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်လာပြီး သားရဲမျိုး စိတ်များ ပိုများလာခြင်းကြောင့်လာ မည့်နှစ် ၂၀ အတွင်း နို့တိုက်သတ္တဝါ များမျိုးသုဉ်းပျောက်ကွယ်မည့် အလား အလာရှိနေသည်။


ကုန်းမြေနှင့် ပင်လယ်ပြင်တွင် အပူ ချိန်များ တိုးလာခြင်း၊ တောမီးလောင် မှုနှင့် မိုးရွာသွန်းသည့် အချိန်ကာလများ ပြောင်းလဲခြင်း၊ ပင်လယ်ရေမျက်နှာ ပြင် မြင့်တက်လာခြင်းနှင့် သမုဒ္ဒရာ၌ အက်ဆစ်ဓာတ် များလာခြင်းတို့သည် တိရစ္ဆာန်မျိုးစိတ်များ ရှားပါလာခြင်း အပေါ် သိသာထင်ရှားစွာ အကျိုးသက် ရောက်စေသည်ဟု အစီရင်ခံစာ၌ ဖော်ပြ ထားသည်။


အဆိုပါအစီရင်ခံစာ၌ မျိုးသုဉ်းရန် အန္တရာယ်ရှိနေသော တိရစ္ဆာန်မျိုးစိတ် အရေအတွက်သည် ၂၀၁၉ -၂၀၂၀ ခုနှစ် များအတွင်း ဖြစ်ပွားခဲ့သော တောမီး ကြောင့်သိသိသာသာ မြင့်တက်လာပြီး ၂၀၁၆ ခုနှစ်က ထုတ်ပြန်ခဲ့သော အစီရင် ခံစာထက် ရှစ်ရာခိုင်နှုန်း တိုးလာသည်။ မျိုးသုဉ်းရန် အန္တရာယ်ရှိနေသည့်မျိုး စိတ်များ ပြန်လည်ပွားများလာစေရန် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ သုံးစွဲရန် လိုအပ် ကြောင်း ပညာရှင်များက ပြောကြား ထားသည်။           (ref: CNA)






အခြားဆက်စပ်သတင်းများ