နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကန် အောက်လွှတ်တော်ဥက္ကဌ ထိုင်ဝမ်သွားပါက ပြင်းထန်စွာ အရေးယူမည်ဟု တရုတ်သတိပေး

ပေကျင်း၊ ဇူလိုင် ၂၀


အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီကို ထိုင်ဝမ်သို့ သွားရောက် လည်ပတ်ပါက ပြင်းထန်သော အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း တရုတ် အစိုးရက ဇူလိုင် ၁၉ ရက်တွင် သတိပေး ပြောကြားသည်။


အဆိုပါ သတိပေးချက်သည် Financial Times သတင်းဌာနကရေး သားခဲ့သော လာမည့်လတွင် ကန် အောက်လွှတ်တော်ဥက္ကဌ ထိုင်ဝမ်သို့သွား ရောက်မည် ဆိုသည့် သတင်းထွက်ရှိပြီးနောက်ပိုင်း သတိပေးလာခြင်းဖြစ် သည်။ ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ ၎င်းခရီးစဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာက ပေးပို့သည့် သတင်းအချက်အလက်များ မရရှိသေးကြောင်း ပြန်လည် ပြောကြားသည်။


တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းက မစ္စနန်စီပေလိုစီ၏ ခရီးစဉ်တိုင်းသည် တရုတ်နိုင်ငံ ၏ အချုပ်အခြာအာဏာနှင့် နယ်မြေစိုးမိုးရေးကို ဆိုးရွားစွာ ထိခိုက်စေလိမ့်မည်ဟု ပြောကြားသည်။ အမေရိကန်ဘက်မှ ယင်းခရီးစဉ်ကို ဆက်လက်ပြုလုပ်သွားပါက တရုတ်နိုင်ငံ အနေဖြင့် ပြတ်ပြတ်သားသားနှင့် ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ပြီး ထိုအရေးယူမှု၏ အကျိုးဆက်တိုင်းအတွက် အမေရိကန်သည် အပြည့်အဝ တာဝန်ယူသွားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ နန်စီပေလိုစီသည် တရုတ်နိုင်ငံနှင့် စပ်လျဉ်း၍ အချိန်အတန်ကြာ ဝေဖန်ခဲ့သူဖြစ်ပြီး ပေကျင်း၌ ပြုလုပ်ခဲ့သည့် ၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကိုလည်း သံတမန်ရေးအရ ဆန္ဒပြရန် လွှတ်တော်၌ တင်သွင်းခဲ့ဖူးသည်။      (ref: CNA)






အခြားဆက်စပ်သတင်းများ