နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်တွင် ရေကြီးမှုကြောင့် လူထောင်ချီ ဘေးလွတ်ရာ ရွှေ့ပြောင်း

ပေကျင်း၊ ဇူလိုင် ၂၀


တရုတ်နိုင်ငံ အနောက်တောင်ပိုင်း နှင့်အနောက်    မြောက်ပိုင်းတို့တွင် ရုတ်တရက် ရေကြီးမှုကြောင့် အနည်း ဆုံးလူတစ်ဒါဇင်ခန့် သေဆုံးပြီးလူပေါင်း ထောင်ချီကာ  ရေလွှမ်းမိုးမှု  ဒဏ်ကို ခံစားနေရကြောင်း နိုင်ငံပိုင်မီဒီယာက ဇူလိုင် ၁၉ ရက်တွင် ဖော်ပြသည်။


တရုတ်  အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားပြီးနောက် အနည်းဆုံးလူခြောက် ဦးသေဆုံးပြီး ၁၂ ဦးခန့် ပျောက်ဆုံးလျက် ရှိကာ လူပေါင်း ၁,၃၀၀ ခန့်ကို ဘေးလွတ် ရာသို့ ရွှေ့ပြောင်းပေးထားသည်။


အလားတူ တရုတ် အနောက်မြောက် ပိုင်း ဂန်စုပြည်နယ်တွင်လည်း လူခြောက် ဦးထပ်မံသေဆုံးပြီး လူ ၃,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထား ကြောင်း၊ ရေကြီးမှု အဆိုးရွားဆုံးနေရာ များတွင် မိုးရေချိန် ၉၈ ဒသမ ၉ မီလီ မီတာအထိ ရွာသွန်းခဲ့ပြီး ဇူလိုင်၏ ပျမ်းမျှ မိုးရေချိန်ထက် နှစ်ဆပိုမို များပြားလာ ခြင်းဖြစ်သည်။


အပူချိန် ၄၂ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်နေရာက နိုင်ငံ၏ဒေသအချို့ တွင်မိုးများ သည်းထန်စွာရုတ်တရက် ရွာသွန်းခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ပြင်း ထန်သည့် ရာသီဥတု အခြေအနေများ ဖြစ်ပွားမှုသည် တရုတ်နိုင်ငံအတွင်း ပိုမိုမြင့်တက်လာကြောင်း မိုးလေဝသ ပညာရှင်များက ဆိုသည်။


ပူနွေးသည့် လေများသည် ရေကို ပိုမိုသိုလှောင်ပြီး ကြီးမားသည့်တိမ်တိုက် များဖြစ်ပေါ်ကာ မိုးသည်းထန်စွာရွာ သွန်းမှုများကို ဖြစ်ပေါ်လာစေပြီး လက် ရှိအချိန်တွင် ကိုဗစ်-သုည မူဝါဒကြောင့် မပြေမလည်ဖြစ်နေသည့် တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေကို ရေကြီးမှုက ဆက်လက်ထိုးနှက်နေခြင်း ဖြစ်သည်။

 (ref: BBC)






အခြားဆက်စပ်သတင်းများ