နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူသားစွမ်းရည်ပြည့်ဝရေး၊ အားထုတ်ကြိုးပမ်း

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၏ အောင် မြင်မှုအဓိကအချက်မှာ အရည်အချင်းပြည့်ဝသည့် လုပ်သားထု ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျသည်။ အဖိုးတန်လူသား အရင်းအမြစ်ဟူသည့် အရေအတွက် သက်သက်မျှမဟုတ်၊ ပညာ တတ်လူသားအရင်းအမြစ်၊ ကျွမ်းကျင်လူသားအရင်းအမြစ်များ ဖြစ်ပြီး ကဏ္ဍအလိုက်တတ်သိ ကျွမ်းကျင်သူများအဖြစ်ဆောင်ရွက် နိုင်စွမ်းရှိသူများပင်ဖြစ်သည်။


အရွယ်ရောက်သူတိုင်း ကောင်းမွန်သည့် လုပ်ငန်းခွင်သို့ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးရန်လိုအပ်သည်။ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးခြင်းဖြင့် ပြည်သူ တို့၏ လူနေမှုအဆင့်အတန်း မြှင့်တင်ပေးနိုင်သည်။ လူနေမှု အဆင့်အတန်းမြင့်မားလာသည့်နှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်း စဉ်များကို အထောက်အကူပြုမည် ဖြစ်သည်။


နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများအား ပြည် တွင်း၊ ပြည်ပ၌ အလုပ်အကိုင်များ တိုးတက်ရရှိရေးဆောင်ရွက် လျက်ရှိသည်။ သက်ဆိုင်ရာ ဌာနများက အလုပ်အကိုင်အခွင့် အလမ်း အလုပ်သမားဈေးကွက် ဖွံ့ဖြိုးတိုးတက်လာရေးနှင့် အလုပ်သမားများ၏ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ သင်တန်းများကို ပုဂ္ဂလိကနှင့် ဌာနဆိုင်ရာများကပါ ပိုမိုပါဝင်ဆောင်ရွက်လျက်ရှိ သည်။


ပြည်ပသို့ အလုပ်သမားများ တရားဝင်လုပ်ငန်းများ ဆောင် ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက် မတိုင်မီအထိ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီ ၃၁၄ ခု၊ (ထိုင်း) လိုင်စင်ရ အေဂျင်စီ ၁၁၄ ခုရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇူလိုင် ၁၄ ရက်အထိ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ကြီး ၂၉ ခု၊ (ထိုင်း) လိုင်စင် ၂၈ ခု၊ စုစုပေါင်း ၅၇ ခု ထုတ်ပေးခဲ့ရာ လက်ရှိဆောင်ရွက်နေသည့် အေဂျင်စီ ၃၄၃ခု ရှိသည်။


နိုင်ငံတစ်နိုင်ငံတွင် အဓိကလိုအပ်ချက်မှာ လူသားအရင်းအမြစ် အတတ်ပညာ၊ ဓနအင်အား၊ သဘာဝသယံဇာတတို့ ဖြစ်သည်။ မိမိ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာများကို လေ့လာသင်ယူလိုက်နာပြီး ကြိုးစားအားထုတ်ကာ အလုပ်လုပ် ကြရမည်ဖြစ်သည်။


ယနေ့အချိန်တွင် သိပ္ပံနှင့် နည်းပညာများ တစ်နေ့တခြား တိုးတက်ပြောင်းလဲလျက်ရှိရာ တိုးတက်မှုကို အမီလိုက်နိုင်ရန်  ယနေ့လူငယ်လူရွယ်များသည် သာမန်တတ်မြောက်သည်နှင့် ရောင့်ရဲတင်းတိမ်မနေဘဲ အစဉ်ကြိုးပမ်းအားထုတ်ရမည် ဖြစ် ရာတန်ဖိုးမြှင့် လူစွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင် ရာတွင် လူသားစွမ်းရည်ပြည့်ဝသည့် လူမျိုးဖြစ်ရန် အားသွန်ခွန် စိုက်ကြိုးစားအားထုတ်စေချင်ကြောင်း။   ။






အခြားဆက်စပ်သတင်းများ