နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိန်၊ ပြင်သစ် တောမီး ဆက်တိုက်လောင်ကျွမ်း

မက်ဒရစ်၊ ဇူလိုင် ၁၉ 


စပိန်နှင့် ပြင်သစ် အနောက်တောင် ပိုင်းတွင် တောမီးများ အကြီးအကျယ် ပျံ့နှံ့လောင် ကျွမ်းနေခြင်းကြောင့်မီး သတ်သမားထောင်ချီဖြင့် ကြိုးစား ငြှိမ်းသတ်နေသော်လည်း အပူလိုင်း ဖြတ်မှုရှိနေခြင်းကြောင့် တောမီးလျော့ ပါးသွားမည့် အရိပ်အယောင် မတွေ့ရ ကြောင်း ဒေသအာဏာပိုင်များက ဇူလိုင် ၁၈ ရက်တွင် ပြောသည်။ 


ပေါ်တူဂီ မြောက်ဘက်ပိုင်းနှင့် ဆက်စပ်နေသော စပိန်နယ်စပ်အနီးရှိ ဖို့ဇ်ကွာဒေသတွင် လေယာဉ်ပေါ်မှရေ များဖျန်းကာ တောမီးများကို ငြှိမ်းသတ် ပေးနေရသည့်အပြင် ပြင်သစ်နိုင်ငံ ဂီရွန်ဒီဒေသတွင်လည်း တောမီးများပျံ့နှံ့လောင်ကျွမ်းနေခြင်းကြောင့် လူပေါင်း ၁၂၀၀၀ ဦးကျော်ကို ဘေးလွှတ်ရာ ရွှေ့ ပြောင်းပေးထားရသည်။


ထို့ပြင် စပိန်နိုင်ငံ  တောင်ပိုင်း မာလာဂါပြည်နယ် မီဂျက်စ်ကျေးရွာ အနီးတွင်လည်း တောမီးကူးစက်လောင် ကျွမ်းနေခြင်းကြောင့် ဒေသခံ ၃၀၀၀ ခန့်ကို ဘေးလွှတ်ရာ ရွှေ့ပြောင်းပေး ထားသည်။ တောင်တန်းများမှ မီးခိုး လုံးကြီးများ ထွက်နေခြင်းကို အဝေးက လှမ်းမြင်နိုင်ပြီး ယင်းနေရာတွင်မီး ငြှိမ်းသတ်ရန် ကြိုးစားနေသည့်လေ ယာဉ်များကိုလည်း တွေ့ရကာ ရာသီ ဥတုပူပြင်းပြီး လေပြင်းတိုက်ခတ်မှုများ ကြောင့် တောမီးငြှိမ်းသတ်ရေး လုပ်ငန်း စဉ်များအတွက် အဟန့်အတားဖြစ် နေသည်။           (ref: BBC)






အခြားဆက်စပ်သတင်းများ