နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိုမီခရွန်မျိုးကွဲ BA.2.75 ကူးစက်သူနှစ်ဦး စင်ကာပူတွင် တွေ့ရှိ

စင်ကာပူ၊ ဇူလိုင် ၁၉


ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ နှစ်ဦးတွင် အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲအသစ်ဖြစ်သည့် BA.2.75 ကူးစက်နေသည်ကို ပြီးခဲ့သည့်ရက်ပိုင်းက စစ်ဆေးတွေ့ရှိကြောင်း စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာသည်။


ထိုသူ နှစ်ဦးသည် မကြာသေးမီက အိန္ဒိယနိုင်ငံသို့ သွားရောက်ပြီး ပြန်လာသူ များဖြစ်ကာ ယင်းတို့တွင် BA.2.75 ရှိနေကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် သီးသန့်ခွဲထားပြီး ကုသရာ ယခုအခါ လုံးဝ ပြန်လည်သက်သာနေပြီဖြစ်ကြောင်း ၀န်ကြီးဌာနက ပြောသည်။


Centaurus ဟု နာမည်ပြောင်ဖြင့်ခေါ်ဆိုကြသည့် အဆိုပါ BA.2.75 မျိုးကွဲ ဗိုင်းရပ်စ်ကို အိန္ဒိယနိုင်ငံတွင် ယခုနှစ် မေလ အစောပိုင်းက ပထမဆုံးတွေ့ရှိခဲ့ ခြင်းဖြစ်သည်။ ထို့နောက် ယင်းမျိုးကွဲကူးစက်မှုများကို ဗြိတိန်၊ အမေရိကန်၊ သြစတြေလျ၊ ဂျာမနီနှင့် ကနေဒါအပါအဝင် အခြားနိုင်ငံ ၁၀ နိုင်ငံတို့တွင်လည်း တွေ့ရှိနေသည်။


စင်ကာပူတွင် ကိုဗစ် ကူးစက်ခံရသူ အသစ် ၉၁၅၃ ဦးကို ပြီးခဲ့သည့် ၂၄ နာရီအတွင်း စစ်ဆေးတွေ့ရှိထားပြီး ယင်းတို့အနက် ပြည်တွင်း ကူးစက်မှုအသစ် ၈၆၉၁ ဦးနှင့် ပြည်ပမှ ကူးစက်လာသူ ၄၆၂ ဦးပါ၀င်ကြောင်းနှင့် ထပ်မံသေဆုံးသူ သုံးဦးရှိကြောင်း စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထား သည်။      (ref: CNA)






အခြားဆက်စပ်သတင်းများ