နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်အာကာသစခန်း တည်ဆောက်ရေး ကုန်တင် အာကာသယာဉ်လုပ်ငန်းများစတင်

ပေကျင်း၊ ဇူလိုင် ၁၉


Tianzhou-3 ကုန်တင် အာကာသ ယာဉ်သည်၊ တရုတ်အာကာသ စခန်း အတွက်၊ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာပြီဖြစ်ရာ၊ အာကာသ စခန်းတပ်ဆင် တည်ဆောက်မှု လုပ်ငန်း အားလုံး စတင်နိုင်ပြီဖြစ်ကြောင်း ဇူလိုင် ၁၈ ရက်တွင် ကြေညာသည်။


Tianzhou-3 ကုန်တင်အာကာသ ယာဉ်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန် အာကာသ ယာဉ်လွှတ်တင်ရေးနေရာမှ၊ လွှတ် တင်ပေးခဲ့ခြင်း ဖြစ်သည်။  တရုတ် အာကာသစခန်းအတွက် Tianzhou-3 ကုန်တင်အာကာသယာဉ်သည်၊ ကုန် စည်ခြောက်တန်ခန့်ကို တင်ဆောင်သွား ခြင်းဖြစ်ပြီး၊ လက်ရှိတွင် အခြေအနေ ကောင်းမွန်လျက်ရှိကာ ယခုနှစ်အတွင်း တရုတ်၏  အာကာသ စခန်းတည် ဆောက်မှုကို အပြီးသတ်နိုင်ရန်အတွက် အာကာသပျံသန်းမှုဆိုင်ရာ မစ်ရှင် ခြောက်ခုကို လုပ်ဆောင်သွားမည်ဖြစ် သည်။


အလားတူ Tianzhou-4 ကုန်တင် အာကာသယာဉ်ကို ယခုနှစ် မေလတွင် လွှတ်တင်ထားပြီး Tianzhou-5 ကုန် တင်အာကာသယာဉ်ကိုလည်း နောက် ပိုင်းတွင် ဆက်လက်လွှတ်တင်မည် ဖြစ်ကာ အာကာသယာဉ်မှူးများသည် ဂြိုဟ်ပတ် လမ်းကြောင်းအတွင်း ခြောက် လကြာနေထိုင်ပြီး၊ အာကာသစခန်း တည်ဆောက်မှုကို လက်ဆင့်ကမ်း ဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့ပြင် လာမည့် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံက Xuntian ဟု အမည်ရသည့် ပထမဆုံး တရုတ်အာကာသစခန်း တယ်လီစကုပ် ကိုလည်း လွှတ်တင်ရန် စီစဉ်ထားသည်။ 

(ref: Reuters)






အခြားဆက်စပ်သတင်းများ