နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သီရိလင်္ကာ ကြွေးမြီကိစ္စ ကူညီပေးလိုကြောင်း တရုတ်ပြော

ပေကျင်း၊ ဇူလိုင် ၁၉


တရုတ်နိုင်ငံသည် သီရိလင်္ကာနှင့် ကြွေးမြီကိစ္စများ ဆွေးနွေးရန် ဆန္ဒရှိ နေပြီး သီရိလင်္ကာ၏ ကြွေးမြီဝန်ထုပ် ဝန်ပိုးကို ဖြေလျှော့ရာတွင် ကူညီပေး လိုကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ  ဝမ်ဝန်ဘင်းက ဇူလိုင် ၁၈ ရက်တွင် ပြောသည်။


သီရိလင်္ကာအနေဖြင့် တရုတ်ကို ချေးငွေ အမေရိကန် တစ်ဘီလီယံ ထပ်မံ တောင်းဆိုထားပြီး ယင်းပမာဏသည် ယခုနှစ်အတွင်း တရုတ်ထံ ပြန်လည် ပေးဆပ်ရမည့် ကြွေးမြီပမာဏနှင့်ညီ မျှကြောင်း သိရသည်။


တရုတ်နိုင်ငံဘက်ကမူ သီရိလင်္ကာ ကိုအရေးပေါ် လူသားချင်းစာနာမှု အကူ အညီ ယွမ် သန်း ၅၀၀ ပေးအပ်သွား မည်ဖြစ်ကြောင်း မကြာမီကာလက ကြေညာထားသည်။      

(ref: Reuters)






အခြားဆက်စပ်သတင်းများ