နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယပါလီမန် သမ္မတရာထူးအမျိုးသမီးသမ္မတလောင်း လူကြိုက်များ

နယူးဒေလီ၊ ဇူလိုင် ၁၉ 


အိန္ဒိယနိုင်ငံ၏ ၁၅ ကြိမ်မြောက် သမ္မတနေရာအတွက် ဇူလိုင် ၁၈ ရက်တွင် စတင် မဲပေးနေပြီး သမ္မတရာထူးအတွက် ခေတ်သစ်လူမှုအဖွဲ့အစည်းနှင့် ဝေးကွာ နေသော ဆန်တယ်မျိုးနွယ်စု အသိုင်း အဝိုင်းမှ အမျိုးသမီး နိုင်ငံရေးသမား တစ်ဦးက မဲပေးခံရမှုတွင် ဦးဆောင် နေသည်။


အဆိုပါ အမျိုးသမီးသည် ဒရူပါဒီ မာမူဖြစ်ပြီး ၀န်ကြီးချုပ် နရန်ဒရာမိုဒီ ကိုယ်တိုင် ၎င်း၏ အာဏာရပါတီကိုယ် စားရွေးကောက်ခံ သမ္မတအဖြစ်ယှဉ် ပြိုင်ရန် အမည်စာရင်း တင်သွင်းပေးထား ခြင်းခံရသူ ဖြစ်သည်။ သမ္မတအဖြစ် ရွေးချယ်ခံရပါက မာမူသည် အိန္ဒိယ ၏ပထမဆုံးတိုင်းရင်း သားသမ္မတနှင့် ဒုတိယမြောက်အမျိုး သမီးသမ္မတဖြစ် လာမည်ဖြစ်သည်။


အိန္ဒိယနိုင်ငံ၏ သမ္မတရာထူးကို နိုင်ငံတဝှမ်းရှိ လွှတ်တော်နှစ်ရပ်လုံးနှင့် ဒေသန္တရဆိုင်ရာ ဥပဒေပြုလွှတ်တော် များမှ ရွေးကောက်ခံအဖွဲ့ဝင် ၄၈၀၀ ခန့်က ရွေးချယ်မဲပေးရပြီး ၎င်းတို့၏ ဆန္ဒမဲများကို ကိုယ်စားလှယ်လောင်း များက လူထုထောက်ခံမှုရရှိသည့် မဲဆန္ဒ နယ်အရွယ်အစားအပေါ် မူတည်၍ တွက် ချက်ကာ သမ္မတရာထူးအတွက် ဦးစားပေး အဆင့် သတ်မှတ်ကြခြင်း ဖြစ်သည်။


အကယ်၍ ထောက်ခံသူ ၅၀ ရာခိုင် နှုန်းထက် မပိုပါက အမှတ်အနိမ့်ဆုံးကိုယ် စားလှယ်လောင်းကိုထုတ်ပယ်ပြီး ပြန် လည်မဲပေးသွားရမည်ဖြစ်သည်။ ယခု ရွေးကောက်ပွဲအတွက် မဲရေတွက်ခြင်းကို ဇူလိုင် ၂၁ ရက်တွင် ဆောင်ရွက်မည်ဖြစ်ပြီး သမ္မတရွေးချယ်ခံရသူသည် လာမည့် ဇူလိုင် ၂၅ ရက်တွင် ကျမ်းကျိန်ရမည်ဖြစ် သည်။              

(ref: AFP)






အခြားဆက်စပ်သတင်းများ