နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငြိမ်းချမ်းသာယာ၊ ပြည်သာယာ

နိုင်ငံဖွံ့ဖြိုးတိုးတက်လာရေးအတွက် လက်တွေ့ကျကျ အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်း သာယာရေးသည် အရေးကြီးသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအနက် အဓိကကျသော ပြုပြင်ပြောင်းလဲမှုဖြစ်သည်။


နိုင်ငံတော်စီမံအုပ်ချုပ်‌ရေး ကော်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင် များအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည်ထိရောက်သည့် အဖြေတစ်ခုထွက်လာစေရန်နှင့်အကျိုးရှိသည့် ဆွေးနွေးပွဲများ ဖြစ်စေရန် ရည်ရွယ်သည်ကို တွေ့မြင်နေရသည်။


ငြိမ်းချမ်းရေးသည် မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအမှန်ပင်ဖြစ်ရာ ပြည်သူများအနေဖြင့် မိမိတို့ကျရာ အခန်းကဏ္ဍမှ တက်တက်ကြွကြွပူးပေါင်းပါဝင်ကြ ရန် လိုအပ်သည်။ ငြိမ်းချမ်းရေး အသီးအပွင့်များရရှိခံစားလာသည် နှင့်အမျှ ဒေသခံပြည်သူလူထု၏ လူမှုစီးပွား၊ ပညာရေး၊ ကျန်းမာ ရေးတို့ကို မြှင့်တင်ပေးနိုင်ရန် အကောင်အထည်ဖော်ပေးနိုင်မည် ဖြစ်သည်။


ယနေ့ဖြစ်ပေါ်နေသော အကြမ်းဖက်လုပ်ရပ်များမှာ မြို့ပေါ် တွင် အလစ်အငိုက်ချောင်းမြောင်းတိုက်ခိုက်မှု၊ ဗုံးထောင်ဖောက်ခွဲ မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းထိန်းသိမ်းနိုင်ခဲ့ သည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ နယ်မြေကျယ်ပြန့်မှု၊ လုံခြုံ ရေးအလှမ်းဝေးမှုကြုံတွေ့နေရသော ကျေးလက်ဒေသအချို့တွင် အကြမ်းဖက်သမားများ အတင့်ရဲနေသည်ကို တွေ့ရသည်။ နိုင်ငံ ရေးအရောင်အသွေးမရှိသည့် ပြည်သူများ၊ လူမှုအဖွဲ့အစည်းများ၊ ဘုန်းတော်ကြီးများသည် နယ်မြေဒေသတည်ငြိမ်‌အေးချမ်းရေး၊ ရင်သွေးငယ်များ အေးချမ်းစွာ ပညာသင်ကြားရေး ကြိုးပမ်း ကာကွယ်စောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိသည်။


မြန်မာနိုင်ငံကို ပါတီစုံဒီမိုကရေစီစနစ်ကို အခြေခံသော ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်အဖြစ် ဦးတည်မျှော်မှန်း တည်ဆောက်လျက်ရှိရာ တိုင်းရင်းသားများအားလုံး စည်းလုံး ညီညွတ်ရေးနှင့် စည်းကမ်းတကျ စောင့်ထိန်းလိုက်နာရေးသည် အရေးပါလိုအပ်နေဆဲဖြစ်သည်။


မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် ပြည်ထောင်စုကြီးတစ်ခုလုံး အေးချမ်းသာယာရေး ဖွံ့ဖြိုးတိုးတက် ရေးအတွက် ငြိမ်းချမ်းရေးသည် အဓိကဖြစ်သည်။ အေးချမ်း သာယာဖွံ့ဖြိုးတိုးတက်သည့် ရည်မှန်းချက်ပန်းတိုင်ကို မျက်ခြည် ပြတ်မခံဘဲ ပြည်သူလူထုတစ်ရပ်လုံး အတူတကွ ပူးပေါင်းလက်တွဲ ညီညာလျှောက်လှမ်းစေချင်ကြောင်း။






အခြားဆက်စပ်သတင်းများ