နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်ဝမ် ပြည်တွင်းဖြစ် ရေငုပ်သင်္ဘော စက်တင်ဘာတွင် ရေချမည်

  ထိုင်ဝမ် ၊ ဇူလိုင် ၁၈


ထိုင်ဝမ်က ၎င်းတို့၏ ပထမဆုံး ပြည်တွင်းဖြစ်   ရေငုပ်သင်္ဘောကို စက်တင်ဘာတွင်  ရေချသွားမည် ဖြစ်ကြောင်း ထိုင်ဝမ်အစိုးရသတင်း ဌာနက ဇူလိုင် ၁၇ ရက်တွင် ကြေညာ သည်။


ရေငုပ်သင်္ဘောအသစ်ကို ထိုင်ဝမ်ရေ တပ်တွင် လက်ရှိတာဝန်ထမ်းဆောင် နေသည့် သက်တမ်းရင့် ရေငုပ်သင်္ဘော များနေရာတွင် အစားထိုး အသုံးပြုမည် ဖြစ်ပြီး လာမည့် ၂၀၂၅ ခုနှစ်တွင် စတင် တာဝန်ထမ်းဆောင်သွားရန် စီစဉ်ထား သည်။


ထိုင်ဝမ်အနေဖြင့် ပထမဆုံးပြည် တွင်းဖြစ်ရေငုပ်သင်္ဘောကို တပ်ဖြန့်ချ ထားပြီးပါက ပြည်တွင်းထုတ် ရေငုပ် သင်္ဘော ခုနှစ်စင်းကို ထပ်မံထုတ်လုပ် သွားမည်ဖြစ်ကာ ဒီဇယ်စွမ်းအင်သုံး ရေငုပ်သင်္ဘောများ  ထုတ်လုပ်ရန် အတွက် ထိုင်ဝမ် အင်ဂျင်နီယာများ သည် ဂျပန်ဆောက်လုပ်ရေး နည်းပညာ များကို အသုံးပြုသွားမည်ဖြစ်သည်။


ထိုင်ဝမ် ပထမဆုံး ပြည်တွင်းထုတ် ရေငုပ်သင်္ဘောပါ MK-48 Mod 6 ခေတ်မီအကြီးစား တော်ပီဒိုများနှင့် 84L ဟာပွန် Block II ဒုံးကျည်များ တပ်ဆင် သွားမည်ဖြစ်ကာ ပြည်တွင်းထုတ် ရေငုပ်သင်္ဘောတစ်စီးသည် ထိုင်ဝမ် ဒေါ်လာ ၄၉ ဒသမ ၃ ဘီလီယံ အမေရိ ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ တန်ဖိုး ရှိသည်။                         (ref: CNA)






အခြားဆက်စပ်သတင်းများ