နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရူပီးငွေဖြင့် နိုင်ငံတကာ ကုန်သွယ်မှုများ ပေးချေရန် အိန္ဒိယဗဟိုဘဏ် ဆောင်ရွက်

 နယူးဒေလီ၊ ဇူလိုင် ၁၈


အိန္ဒိယဗဟိုဘဏ် (RBI) သည် ပို့ကုန်မြှင့်တင်ရန်နှင့် သွင်းကုန်များ လွယ်ကူ ချောမွေ့စေရန်အတွက် ရူပီးငွေဖြင့် နိုင်ငံ တကာကုန်သွယ်ငွေများ ပေးချေနိုင်ရန် ယခုရက်သတ္တပတ်တွင် စတင်လုပ်ဆောင်မည် ဖြစ်သည်။


ရုရှားသည် အိန္ဒိယ၊ အီရန်၊ အီဂျစ်အပါအဝင် အခြားနိုင်ငံများနှင့် ကုန်သွယ်မှု ဆိုင်ရာ လွှဲပြောင်းမှုများတွင် ဒေါ်လာနှင့် ယူရိုများကို ဖယ်ရှား နိုင်မည့်နည်းလမ်းကို ဆွေးနွေးလျက်ရှိရာ ရူပီးငွေကြေးကို နိုင်ငံတကာတွင် မြှင့်တင်သုံးစွဲခြင်းကြောင့် ရုရှားနှင့် အီရန်ကဲ့သို့သော အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူခံ‌နေရသည့် နိုင်ငံများအတွက် ကုန်သွယ်မှုမြှင့်တင်မည့် နည်းလမ်းတစ်ခု ဖြစ်လာနိုင်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များနှင့် စီးပွားရေးပညာရှင်များက ဆိုသည်။


နိုင်ငံတကာ ကုန်သွယ်‌ရေး၌ ရူပီးငွေဖြင့်ပေးချေ နိုင်ရန် နိုင်ငံခြားဘဏ်တစ်ခု သည်အိန္ဒိယဘဏ်က ခွင့်ပြုထားသော ကိုယ်စားလှယ်ဘဏ်မှ ကိုင်ဆောင်ထား သည့် Vostro အကောင့်တစ်ခုကိုဖွင့်လှစ်ရန် လိုအပ်ပြီး ရေနံ သို့မဟုတ် ကျောက်မီး သွေးကဲ့သို့သော ကုန်ပစ္စည်းများကိုအိန္ဒိယသို့ တင်သွင်းသူများသည် အဆိုပါ Vostro အကောင့်များသို့ ရူပီးဖြင့် ငွေပေးချေရမည်ဖြစ်သည်။


Vostro အကောင့်များမှ ပိုလျှံငွေများကို အစိုးရငွေချေးစာချုပ်များတွင် ရင်းနှီးမြှုပ်နှံရန်နှင့် စီမံချက် ရင်းနှီးမြှုပ်နှံမှုများအတွက် ပေးချေမှုများပြုလုပ် နိုင်ကြောင်း ဗဟိုဘဏ်က ပြောသည်။ လက်ရှိတွင် အိန္ဒိယကုမ္ပဏီများသည် ပြည်ပသွင်းကုန်များအတွက် နိုင်ငံခြားငွေဖြင့် ပေးဆောင်လေ့ရှိပြီး ပို့ကုန်လုပ်ငန်း ရှင်များကလည်း နိုင်ငံခြားငွေဖြင့်ရယူကာ လုပ်ငန်းဆောင်ရွက်နေကြခြင်းဖြစ် သည်။ (ref: Reuters)






အခြားဆက်စပ်သတင်းများ