နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားနှင့် နိုင်ငံတကာအာကာသစခန်းသို့ ပျံသန်းမှု ပြန်လည် စတင်မည်ဟု အမေရိကန်ကြေညာ

  ဝါရှင်တန်၊ ဇူလိုင် ၁၈


ယူကရိန်းအရေးနှင့် ပတ်သက်၍ ရုရှားကို သီးသန့်ဘေးဖယ်ထားရန် ကြိုးပမ်းခဲ့သော်လည်း ရုရှားနှင့်နိုင်ငံ တကာအာကာသစခန်းသို့ ပျံသန်းမှု များပြန်လည်စတင်မည်ဟု အမေရိ ကန်က ဇူလိုင် ၁၇ ရက်တွင် ကြေညာ လိုက်သည်။ 


နိုင်ငံတကာ အာကာသစခန်း၏ လုံခြုံစိတ်ချရသော အော်ပရေးရှင်းများ ဆက်လက်လုပ်ဆောင်နိုင်ရေး အပါ အဝင် အာကာသယာဉ်မှူးများ၏ နေ ထိုင်မှုကို ကာကွယ်ရန်နှင့် အာကာသ တွင်အမေရိကန်တို့ စဉ်ဆက်မပြတ် ရှိနေစေရန်အတွက်ဟု အမေရိကန် အာကာသအေဂျင်စီက ဆိုသည်။


အေဂျင်စီအနေဖြင့် အမေရိကန် အာကာသယာဉ်နှင့် ရုရှား Soyuz အာကာသယာဉ်တို့တွင် ပေါင်းစည်း ဆောင်ရွက်မှုများ ပြန်လည်စတင် မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ 


နိုင်ငံတကာ အာကာသစခန်းတွင် ပူးပေါင်းပျံသန်းခဲ့သော နောက်ဆုံး အမေရိကန် အာကာသ ယာဉ်မှူးသည် Mark Vande Hei ဖြစ်ပြီး ယခုနှစ် မတ်လတွင် ရုရှားအာကာသယာဉ် မှူး များနှင့်အတူ ရုရှားတို့၏ Soyuz အာကာသယာဉ်ဖြင့် ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိနေသည်။    (ref:AP)






အခြားဆက်စပ်သတင်းများ