နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်ဖြူတော် လုံခြုံရေး အကြံပေးဟောင်းအပါအဝင် အမေရိကန်နိုင်ငံသား ၆၁ ဦးကို အီရန်ထပ်မံပိတ်ဆို့ အရေးယူ

တီဟီရန်၊ ဇူလိုင် ၁၈


၂၀၁၅ နျူကလီယားသဘောတူညီ ချက်ကို ပြန်လည်အသက်သွင်းရေး အတွက်ဆွေးနွေးမှုများ လနှင့်ချီကာ အဆင်မပြေ ဖြစ်နေချိန်တွင် အီရန် အတိုက်အခံအဖွဲ့ကို ကျောထောက် နောက်ခံပြု‌ပေးသည့် အမေရိကန်နိုင်ငံ သား ၆၁ ဦးအား ထပ်မံပိတ်ဆို့အရေးယူ လိုက်ကြောင်း အီရန်က ဇူလိုင် ၁၇ ရက် တွင် ပြောသည်။


 ပြည်ပရောက် အတိုက်အခံအဖွဲ့ကို ထောက်ခံထားခြင်းကြောင့် အီရန်နိုင်ငံ ခြားရေးဝန်ကြီးဌာန၏ အမည်ပျက် စာရင်းသွင်းခံရသူများတွင် ကန်သမ္မတ ‌ဟောင်းဒေါ်နယ်ထရမ့်၏ ရှေ့နေဟောင်း Rudy Giuliani နှင့် အိမ်ဖြူတော် အမျိုး သားလုံခြုံရေး အကြံပေးဟောင်း John Bolton တို့လည်း ပါဝင်ကြောင်း အီရန် နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။


ယခုနှစ် ဇန်နဝါရီတွင် အီရန်သည် အမေရိကန်နိုင်ငံသား ၅၁ ဦးအပေါ် ပိတ် ဆို့အရေးယူမှုများချမှတ်ခဲ့ပြီး ဧပြီတွင် အမေရိကန်နိုင်ငံသား ၂၄ ဦးကို ထပ်မံ ပိတ်ဆို့အရေးယူကာ အမည်ပျက်စာရင်း သွင်းခဲ့သည်။


လက်ရှိတွင်၂၀၁၅ နျူကလီယား သဘောတူစာချုပ်ကို ပြန်လည်အသက် သွင်းရန် ညှိနှိုင်းမှုများ လုပ်ဆောင်နေ သော်လည်း   လချီကြာနေပြီဖြစ်ကာ အဆင်မပြေမှုများ ဆက်လက်ဖြစ်နေ သည်။         (ref: Yahoo)






အခြားဆက်စပ်သတင်းများ