နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းတွင် နိုင်ငံခြားသားများ မြေပိုင်ဆိုင်ခွင့်ပေးမည်

 ဘန်ကောက်၊ ဇူလိုင် ၁၈


ထိုင်းနိုင်ငံတွင် ငွေကြေးချမ်းသာ သောနိုင်ငံခြားသားများ နေထိုင်ရေး ကိစ္စအတွက် မြေအပြည့်အ၀ ပိုင်ဆိုင် ခွင့်ပေးမည်ဖြစ်ကြောင်း အစိုးရပြော ခွင့်ရသူ သန်နာကွန်ဝန် ဘွန်ကောင် ချာနာက ဇူလိုင် ၁၇ ရက်တွင် ထုတ်ဖော် ပြောကြားသည်။


ယင်းအစီအစဉ်သည် ပြည်ပခရီး သွားတစ်သန်းခန့်ကို ဆွဲဆောင်ပြီး စီးပွားရေး မြှင့်တင်မည့် အစီအစဉ် ဖြစ်ကာ ထိုင်းနိုင်ငံသည် ရင်းနှီးမြှုပ်နှံ မှု၊ အနားယူခြင်းနှင့် အသေးစားစီးပွား ရေးလုပ်ငန်း လုပ်ကိုင်ရန် နိုင်ငံခြားသား များလာရောက်သည့် အဓိကနေရာဖြစ် သော်လည်း နိုင်ငံခြားသားများ မြေပိုင် ဆိုင်ခွင့်ကို ကန့်သတ်ထားခြင်းကြောင့် ယခုကဲ့သို့  လုပ်ဆောင်ပေးခြင်းဖြစ် သည်။


မြေပိုင်ဆိုင်လိုသော နိုင်ငံခြားသား များသည် အစိုးရအဖွဲ့၏ အတည်ပြု ချက်ရယူရန် လိုအပ်ပြီး ဘတ်သန်း ၄၀ နှင့်အထက်ရှိသော ထိုင်း အိမ်ခြံမြေ၊ ငွေချေးအာမခံစာချုပ်နှင့်အတူ သုံးနှစ် နှင့်အထက် ရန်ပုံငွေများ ရင်းနှီးမြှုပ်နှံ ထားပါက စက်တင်ဘာမှ စတင်ကာ မြေ ဝ ဒသမ ၀၆ ဟက်တာ အထိပိုင် ဆိုင်ခွင့်ပေးမည် ဖြစ်သည်။


အစိုးရသည် ပိုမိုကျွမ်းကျင်သော လုပ်သားများနှင့် အငြိမ်းစားများကို ဆွဲဆောင်နေခြင်းဖြစ်ပြီး အခွန်သက် သာခွင့်နှင့် ဗီဇာသက်တမ်း ဆယ်နှစ် လည်း ပါဝင်မည်ဖြစ်သည်။ 

 (Ref:Bangkok Post)






အခြားဆက်စပ်သတင်းများ