နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာရေးနှင့် ဆေးဝါးအလှူ

ဆေးဝါးများလှူဒါန်းခြင်း၊ အခမဲ့ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးနှင့်ပတ်သက်သော အသိပညာ ဗဟုသုတများ ဟော ပြောပို့ချခြင်းတို့သည် ဆေးအလှူများဖြစ်သည်။ ဆေးလှူဒါန်း ခြင်း အလုပ်သည် အမွန်မြတ်ဆုံးအလုပ်၊ အမွန်မြတ်ဆုံးဒါနဖြစ် သည်။ လူတစ်ကိုယ်တွင် ကျန်းမာရေးသည် အရေးအကြီးဆုံးဖြစ် သည်။ လူတွင်ကျန်းမာရေးထက် အရေးကြီးသော အရာမရှိနိုင်ပါ။


ကျွန်ုပ်တို့နိုင်ငံတွင် အခမဲ့ဆေးဝါးကုသပေးမှုများ တိုးပွား လာလျက်ရှိသည်။ အခမဲ့ဆေးဝါးကုသပေးခြင်းကို လူထု အမှန် ပင်လိုလားကြသည်။ နေရေး၊ စားရေးထက်၊ ဆေးဖိုးမရှိပါက မသက်သာသည့်အဆုံးရောက်မှသာ ဆေးခန်းသွားကြရသည်။ ဤသည်မှာ အခမဲ့ဆေးဝါးကုသပေးမှုများလိုအပ်နေကြောင်း ထင်ရှားသကဲ့သို့ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများနှင့် ဆင်းရဲသားပြည်သူများက အခမဲ့ဆေးကုသပေးခြင်းကို ကြိုဆို လျက်ရှိသည်။


အခမဲ့ဆေးဝါးကုသပေးခြင်းကို နိုင်ငံတော်အပိုင်းက သာမက တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့များ၊ ပုဂ္ဂလိကလူမှုရေးအဖွဲ့ အစည်းများကလည်း ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်လျက်ရှိသည်ကို သတိပြုမိသည်။ အထူးသဖြင့် လူမှုရေးပုဂ္ဂလိကလူမှုရေးအဖွဲ့ အစည်းများက အခမဲ့ဆေးဝါးကုသပေးမှုများ တိုးပွားလာလျက် ရှိသည်။

မျက်စိစမ်းသပ်ပေးခြင်း၊ မျက်မှန်များအခမဲ့တပ်ဆင်ပေးခြင်း၊ သွားနှင့်ခံတွင်း စစ်ဆေးပေးခြင်း အပါအဝင် အခြားသော နာတာ ရှည်ရောဂါများကို ကွင်းဆင်းကုသပေးလျက်ရှိသည်။ ဤသို့ အခမဲ့ ဆေးဝါးကုသပေးမှုများ ပေါ်ပေါက်လာခြင်းသည် ပြည်သူလူထု အတွက် ဝမ်းမြောက်စရာပင်ဖြစ်သည်။


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုက်ကြီးကျောင်း ပရိယတ္တိစာသင်တိုက်တွင် နှစ်စဉ်မျက်စိအလင်းဌာနအလှူ ပြုလုပ်ခဲ့ရာ ယခင်နှစ်များ၌ ကိုဗစ် -၁၉ ရောဂါအခြေအနေများ ကြောင့် အခမဲ့ခွဲစိတ်ပေးခြင်းကို မပြုလုပ်နိုင်သော်လည်း ၂၀၂၂ ခုနှစ် မေလမှ စတင်ကာ တစ်လတစ်ကြိမ် မျက်စိအလင်းဒါန ပြုလုပ်ပေးလျက်ရှိရာ ဇူလိုင် ၁၄ ရက်မှ ၁၇ ရက်အထိ မျက်စိ ဝေဒနာရှင် ၂၅၀ ဦးကို ခွဲစိတ်ကုသခဲ့သည်။ မျက်စိဝေဒနာရှင်များ အနေဖြင့် မျက်စိခွဲစိတ်ကုသလိုပါက ယင်းကျောင်းတိုက်သို့ ဆက် သွယ်ကုသမှုခံယူနိုင်သည်။


ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်လာစေ ရန် အခမဲ့ဆေးဝါးကုသမှုများ၊ ဆေးအလှူများကို တိုးမြှင့်ဆောင် ရွက်ရန် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းကူညီလှူဒါန်းဆောင် ရွက်စေချင်ကြောင်း  ။






အခြားဆက်စပ်သတင်းများ