နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်တွင် ကိုဗစ်ကူးစက်မှု ဆက်လက်မြင့်တက်လာနိုင်ကြောင်း သတိပေး

တိုကျို၊  ဇူလိုင်  ၁၆ 


ကိုဗစ်လှိုင်းသစ်သည် နိုင်ငံတစ်ဝန်းတွင် လျင်မြန်စွာပျံ့နှံ့နေပုံ‌ရပြီး လာမည့် ပိတ်ရက်ရှည်နှင့်နီးကပ်လာသော နွေရာသီကျောင်းပိတ်ရက်များကြောင့် ပြည်သူ များအ‌နေဖြင့် အထူးသတိထားရန် ဂျပန်ဝန်ကြီးချုပ်က ဇူလိုင် ၁၅ ရက်တွင် သတိ ပေး ပြောကြားလိုက်သည်။ 


ဂျပန်တွင် ယခုနှစ်အစောပိုင်းက ကိုဗစ်ကူးစက်မှု မတွေ့ရသော်လည်း မကြာ သေးမီတွင် ကူးစက်မှုအသစ်များပြန်ရှိလာကာ ဇူလိုင် ၁၄ ရက်တွင် ကူးစက်မှုပေါင်း ၁၆,၈၇၈ ဦးရှိပြီး ဖေဖော်ဝါရီလမှစ၍ ယခုအချိန်ထိ အမြင့်ဆုံးကူးစက်မှုရှိလာ ကြောင်း သိရသည်။ 


တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်လည်း ကူးစက်မှု ၉၀,၀၀၀ ကျော်သို့မြင့်တက် လာပြီး တစ်ရက်တာအတွင်း ကူးစက်မှု ၁၆ဝ၀၀ ကျော်သည်အထိ ရှိလာပြီဖြစ် သည်။ 


သို့ရာတွင် အပြင်းဖျားပြီးသေဆုံးမှု နည်းပါးနေခြင်းကြောင့် ယခုအချိန်တွင် သွားလာလှုပ်ရှားရန် ကန့်သတ်ချက်များ မလိုအပ်သေးကြောင်း၊ တိုကျိုတွင်မူ ကိုဗစ် သတိပေးချက်အဆင့်ကို အမြင့်ဆုံးသို့မြှင့်တင်ထားကာ ယခုထပ်မံတွေ့ရှိသော ရောဂါကူးစက်မှု ထက်ဝက်ကျော်သည် BA.5 မျိုးကွဲများဖြစ်ကြောင်း သိရသည်။ 

 (Ref:Reuters)






အခြားဆက်စပ်သတင်းများ