နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သီရိလင်္ကာဝန်ကြီးချုပ် ယာယီသမ္မတအဖြစ် ကျမ်းသစ္စာဆို

ကိုလံဘို၊  ဇူလိုင်  ၁၆ 


သီရိလင်္ကာနိုင်ငံတွင် ဝန်ကြီးချုပ် Ranil Wickremesinghe သည် ယာယီသမ္မတအဖြစ် တာဝန်ယူမည်ဖြစ် ကြောင်း ဇူလိုင် ၁၅ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုလိုက်သည်။ 


ယင်းအနေဖြင့် လွှတ်တော်က သမ္မတ သစ်ကို     ရွေးချယ်မခန့်အပ်မီအချိန် အတောအတွင်း   ယာယီသမ္မတအဖြစ် တာဝန်ယူသွားမည် ဖြစ်သည်။ 


စင်္ကာပူနိုင်ငံသို့ ရောက်ရှိနေသည့် ယခင်သမ္မတ Gotabaya Rajapaksa က သီရိလင်္ကာသံရုံးကို တရားဝင်နုတ် ထွက်စာလှမ်းပို့ခဲ့ခြင်းဖြစ်ပြီး ယင်း၏ သမ္မတနုတ်ထွက်စာကို ဇူလိုင် ၁၅ ရက် ရက်စွဲဖြင့် တရားဝင်လက်ခံလိုက်သည့် အတွက် ဖွဲ့စည်းပုံအရ သမ္မတသစ်ခန့်အပ် မှုကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ Yapa Abeywardena က ပြောကြားသည်။ 


စင်ကာပူ    နိုင်ငံခြားရေးဌာနကမူ သမ္မတဟောင်း Rajapaksa ကို ပုဂ္ဂိုလ် ရေးခရီးစဉ်အဖြစ်သာ ပြည်ဝင်ခွင့်ပြု ခဲ့ခြင်းဖြစ်ကြောင်း၊     ယင်းသည် စင်ကာပူတွင် ခိုလှုံခွင့်လျှောက်ထားခြင်း မရှိသလို စင်ကာပူကလည်းခိုလှုံခွင့်ပေး မည်မဟုတ်ကြောင်း     ထုတ်ပြန်ထား သည်။ 


ညမထွက်ရအမိန့်  ထုတ်ပြန်ထား သည့် ကိုလံဘိုမြို့တော်တွင် ဇူလိုင် ၁၅ ရက်အထိ အခြေအနေတည်ငြိမ်လျက်ရှိ သည်။ 

(Ref:Reuters)






အခြားဆက်စပ်သတင်းများ