နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်အရှေ့ပိုင်းတွင် အပူလှိုင်းဒဏ် ပြင်းထန်ခြင်းကြောင့် လူသေဆုံးမှုများရှိလာ

ပေကျင်း၊  ဇူလိုင်  ၁၆ 


တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် ပြင်း ထန်သည့် ၄၀ ဒီဂရီစင်တီဂရိတ်ကျော် အပူလှိုင်းနှင့် ရင်ဆိုင်နေရပြီး သေဆုံးသူ များနှင့်  ဆေးရုံတင်ထားရသည့်လူအများ အပြားရှိလာကြောင်း တရုတ်ဒေသတွင်း သတင်းများအရ သိရသည်။ 


အပူဒဏ်ကြောင့် ဆေးရုံတင်ထားရ သူများရှိသကဲ့သို့  အပူလွန်ကဲမှုကြောင့် နေရာအများအပြားတွင် သေဆုံးမှုသတင်း များ စတင်နေပြီဖြစ်သော်လည်း သေဆုံး သူအရေအတွက် အတိအကျကိုမူအတည် ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ 


တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ တွင် ပြီးခဲ့သည့်ရက်ပိုင်းက အပူချိန် ၄၀ ဒသမ ၉ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိ ခဲ့ပြီး ၁၉၈၃ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး စံချိန်တင် မြင့်တက်ခဲ့လာခြင်းဖြစ်သည်။ 


လက်ရှိတွင်     ရှန်ဟိုင်းမိုးလေဝသ အေဂျင်စီက ငါးရက်အတွင်း တတိယ အကြိမ်မြောက်   အမြင့်ဆုံးအဆင့်ဖြစ် သည့်    အနီရောင်အဆင့် အရေးပေါ် ကြေညာချက်ထုတ်ပြန်ထားသည်။ 

(Ref:AP)






အခြားဆက်စပ်သတင်းများ