နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှစ်ပေါင်း ၈၀၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းအရိုးအပ်ကြီးများ တူရကီတူးဖော်တွေ့ရှိ

အန်ကာရာ၊  ဇူလိုင်  ၁၆ 


တူရကီနိုင်ငံအနောက်ပိုင်း အစ်ဇ်မာ မြို့ရှိ  ရယ်ဆီလိုဗာနှင့် ရာဆီတယ်ပီ တောင်ကုန်းများတွင်  ခန့်မှန်းခြေ နှစ် ပေါင်း ၈၂၀၀ သက်တမ်းရှိ ရှေးဟောင်း အရိုးအပ်ကြီးများကို တူးဖော်တွေ့ရှိထား ကြောင်း ဇူလိုင် ၁၅ ရက် သတင်းများတွင် ဖော်ပြသည်။ 


ယခု တူးဖော်ရှာဖွေမှုသည် ပထမ ဆုံးတွေ့ရှိမှုဖြစ်ပြီး အဆိုပါ အရိုးအပ်ကြီး များသည် လွန်ခဲ့သည့် နှစ်ပေါင်း ၈၂၀၀ က အသားလှီးဖြတ်ခြင်း၊ သစ်ခုတ်ခြင်း တို့တွင် အသုံးပြုသော ကိရိယာများနှင့် နှင့် ပရိဘောဂလုပ်ငန်းများတွင် အသုံး ပြုသည့် ကျောက်ဖြတ်ကိရိယာများဖြစ် ကြောင်း သိရသည်။ 


အပ်ကြီးများသည်     ရှေးခေတ် အမျိုးသမီးများပိုင်ဆိုင်သည့် လက်နက် များဖြစ်ပြီး ယခင်က သတ္တုအကြောင်း မသိကြသည့်အတွက် အဆိုပါ အပ်ကြီး များကို ငှက်၊ နွားစသည့် တိရစ္ဆာန်အရိုး များဖြင့်ပြုလုပ် အသုံးပြုကြသည်။ 


ရှေးခေတ်လူများသည် ဖြောင့်သည့် အရိုးများကို ချွန်ထက်သည်အထိ ပြု လုပ်ပြီး   အပ်များအဖြစ် ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ   အချို့ကို လည်ပင်းတွင်ရတနာ အဖြစ်အသုံးပြုကြကြောင်း သိရသည်။ 


အစ်ဇ်မာမြို့သည် မြေထဲပင်လယ် ဒေသ၏ ရှေးအကျဆုံးအခြေချနေထိုင်ရာ မြို့တစ်မြို့ဖြစ်သည်။

(Ref:Bloomberg)






အခြားဆက်စပ်သတင်းများ