နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မက္ကဆီကိုတွင် အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမည်

ဝါရှင်တန်၊  ဇူလိုင်  ၁၆ 


လာမည့် ၂၀၂၄ ခုနှစ်တွင် အမေရိကန် ကုမ္ပဏီများသည် ဒေါ်လာဘီလီယံ ၄၀ အထိ မက္ကဆီကိုတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ် ကြောင်း သိရသည်။ 


အဆိုပါသတင်းသည် ပြီးခဲ့သည့်ရက် ပိုင်းက မက္ကဆီကိုသမ္မတနှင့် အမေရိကန် သမ္မတတို့တွေ့ဆုံမှုအပြီး  ထွက်ပေါ်လာ ခြင်းဖြစ်သည်။ 


မက္ကဆီကိုသမ္မတ Lopez နှင့် နိုင်ငံ ခြား​ရေးဝန်ကြီး Ebrard တို့သည် အမေရိ ကန်သမ္မတ  ဂျိုးဘိုင်ဒင်အပြင် အခြား အရာရှိများနှင့်ပါ တွေ့ဆုံထားပြီး ထိုသို့ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်း သည် မက္ကဆီကိုအတွက် သတင်းကောင်း တစ်ခုဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးက ၎င်း၏ တွစ်တာစာမျက်နှာ၌‌ ရေးသား ထားသည်။ 


ယခုဆွေးနွေးပွဲများသည် မက္ကဆီ ကိုတွင်ဆိုင်းငံ့ထားသော အမေရိကန် စွမ်းအင်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများ အပေါ် တိုးတက်မှုရှိလာနိုင်ကြောင်း မက္က ဆီကို  တာဝန်ရှိသူများက  ပြောကြား သည်။ 


မက္ကဆီကိုသည် စွမ်းအင်ထောက်ပံ့ မှုလုံခြုံစေရန်နှင့် မြောက်အမေရိက၏ စီးပွားရေးပေါင်းစည်းမှုကို မြှင့်တင်ရန် အတွက် အမေရိကန်နှင့် ပူးပေါင်းဆောင် ရွက် ရန်အသင့်ရှိကြောင်း     ပြောကြားထား သည်။                           (Ref:Reuters)






အခြားဆက်စပ်သတင်းများ