နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တီဘီရောဂါ စနစ်တကျ ကုသရန်လိုအပ်

တီဘီရောဂါသည် လေထဲမှတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်သော တီဘီပိုးကြောင့်ဖြစ်သော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ ရောဂါရှိသော လူနာမှ ချောင်းဆိုး၊ နှာချေ၊ စကားပြောသောအခါ လေထဲမှတစ်ဆင့် နောက်တစ်ဦးသို့ ကူးစက်နိုင်၏။ ၁၉၄၃ ခုနှစ် တွင် တီဘီရောဂါကုဆေး အောင်မြင်စွာ ထုတ်လုပ်နိုင်သည်။


ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းသည် ကျန်းမာရေးဝန်ကြီးဌာနမှ ဦးဆောင် ၍ ပြည်တွင်း၊ ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ကာ     တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအား အမျိုးသား မဟာဗျူဟာစီမံကိန်း ၂၀၂၁-၂၀၂၅ နှင့်အညီ ဆောင်ရွက်လျက် ရှိရာ အမျိုးသားမဟာဗျူဟာပန်းတိုင်ဖြစ်သည့် ၂၀၃၅ ခုနှစ်တွင် လူဦးရေ တစ်သိန်းတွင် တီဘီရောဂါဖြစ်ပွားမှုနှုန်း ၁၀ ဦးအောက် လျော့နည်းလာစေရေး ရည်မှန်းချက်ကိုပြည့်မီအောင် ကြိုးစား ဆောင်ရွက်လျက်ရှိသည်။


တီဘီရောဂါလက္ခဏာများမှာ နှစ်ပတ်ထက်ပိုပြီး ချောင်းဆိုး ခြင်း၊ ချောင်းဆိုးသောအခါ သွေးပါပြီး၊ သလိပ်ပါခြင်း၊ အစား အသောက်ပျက်ခြင်း၊ တဖြည်းဖြည်း ပိန်လာခြင်း၊ တငွေ့ငွေ့ ဖျားခြင်း၊ ညဘက် ချွေးထွက်များခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မောပန်းလွယ်ခြင်းတို့ဖြစ်ကြောင်း သိရသည်။ အထက်ပါ အခြေအနေများ ဖြစ်ပေါ်လာပါက နားလည်တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဌာနများတွင် အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းမှ အရည်အသွေးပြည့် တီဘီ ဆေးများဖြင့် ကုသနိုင်သည်။


တီဘီဆေးများကို နေ့စဉ်အချိန်မှန် နံနက်စောစောတွင် တစ်ကြိမ်၊ အစာနှင့်ခြား၍ သောက်သုံးရပေမည်။ ဆရာဝန်၊ မိသားစုဝင် တစ်ဦးဦး၏ တိုက်ရိုက်စောင့်ကြပ်ကြည့်ရှုမှုအောက် တွင် သောက်ရပါမည်။ တီဘီရောဂါပိုးသည် အသက်အလွန်ပြင်း သည့်အတွက် တီဘီပိုးကင်းရှင်းသည်အထိ ခြောက်လမှ ရှစ်လ ကြာ မပျက်မကွက် နေ့စဉ်အချိန်မှန်မှန် ဆေးသောက်ရန်လိုအပ် သည်။


တီဘီဆေး သောက်နေရပါက အရက်၊ ဆေးလိပ် လုံးဝ မသောက်ရပါ။ အခြား မိသားစုများကို တီဘီရောဂါပိုးကူးစက်မှု မရှိစေရန် ကျန်းမာရေးကန့်သတ်ချက်များနှင့်အညီ စနစ်တကျ နေထိုင်ရပါမည်။ အာဟာရပြည့်ဝသော အစားအစာများကို စားသုံးခြင်းသည် တီဘီရောဂါပျောက်ကင်းစေရန် အထောက် အကူပြု၍ မိသားစုများကို တီဘီရောဂါကူးစက်ခြင်းမှ ကာကွယ် ပေးနိုင်သည်ဟု ကျန်းမာရေးဝန်ထမ်းတို့က အသိပေးထားသည်။

တီဘီရောဂါသည် အနာသိဆေးရှိပြီးဖြစ်ရာ ကျန်းမာရေး ဝန်ထမ်းတို့၏ ညွှန်ကြားချက်အတိုင်း လိုက်နာသောက်သုံးပေးရုံ ဖြင့် သက်သာပျောက်ကင်းလာနိုင်ပြီဖြစ်ရာ ဝေဒနာရှင်များဘက် မှ စနစ်တကျ သောက်သုံးကုသစေချင်ကြောင်း။       ။






အခြားဆက်စပ်သတင်းများ